DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ အထည်ချုပ်စက်ရုံ ၂၀၀ ပိတ်ရန် အလုပ်သမားဝန်ကြီးဌာနထံ တင်ပြထား
DVB
·
June 18, 2021
ရန်ကုန်ရှိ အထည်ချုပ်စက်ရုံ ၂၀၀ ပိတ်ရန် အလုပ်သမားဝန်ကြီးဌာနထံ တင်ပြထား
Donate to DVB

ရန်ကုန်မြို့ရှိ စက်မှုဇုန်တွေက  အထည်ချုပ်စက်ရုံ ၂၀၀ လောက်ပိတ်သိမ်းဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးမှာ အထည်ချုပ်စက်ရုံ ၆၀၀ ကျော်ရှိတာဖြစ်ပြီး အဲ့ဒီအထဲက သုံး ပုံတစ်ပုံဟာ နိုင်ငံရေး၊ စီးပွား ရေးမတည်ငြိမ်တာကြောင့် ပိတ်သိမ်းဖို့ ဖြစ်လာတာပါ။ 

စက်ရုံတွေ ပိတ်သိမ်းတာ အလုပ်ရပ်နားတာတွေကြောင့် အလုပ်သမားတွေဟာ အလုပ် လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေရဲ့အကာအကွယ်နဲ့ ခံစား ခွင့်တွေ ဆုံးရှုံးနေရသလို မပိတ်သေးတဲ့ စက်ရုံတွေထဲမှာလည်း လုပ်သားတွေဟာ ဥပဒေမဲ့ အနိုင့်အထက်ပြုကျင့်တာတွေခံနေရတယ်လို့ Federation Of General Worker Myanmar က မမိုးစန္ဒာမြင့်က ပြောပါတယ်။

အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းနေတာနဲ့ပတ်သက်ပြီး ပြည်တွင်းလုပ်ငန်းရှင် တစ်ယောက်က ငွေသားလည် ပတ်ဖို့ ခက်ခဲပြီး ပိတ်ကုန်ကြမ်းတွေ ဈေးတက်တာကြောင့် တွက်ခြေ မကိုက်တော့ဘူးလို့ ပြောပါတယ်။ 

နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတဲ့အတွက် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတာကိုမြင်နေပေမဲ့ ကူညီနိုင်တဲ့အင်အားလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

"မလည်ပတ်နိုင်ဘူး။ ဝယ်အားရပ်သွားပြီ။ ပိုက်ဆံလွှဲတာ တွေကလည်း လွှဲလို့ မရတော့ဘူး။ ကုန်ကြမ်းတွေကို Mobile Banking, Kpay နဲ့ဝယ်လို့မရတော့ဘူး။ အမတို့ပြန်ဝယ်တဲ့ ပိတ်စတွေကြတော့။ Mobile Banking နဲ့ဆို ရာခိုင်နှုန်း ထည့်ပေးရတာပေါ့။  အကြွေးလည်း ထပ်မပေးတော့ဘူး။ နဂိုအကြွေးတွေကို Mobile Banking နဲ့ဆပ်။ ရာခိုင်နှုန်းထည့်ပေး။ အခုပစ္စည်းတွေကြတော့ လက်ငင်းပဲဝယ်ပေါ့။ ကုန်ကြမ်းဈေးတွေလည်း တက်ကုန်တယ်။ ကုန်ကြမ်းအဝင်မရှိတော့ Export ပြန်လုပ်လို့မရဘူး" လို့ အထည်ချုပ်လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

အထည်ချုပ်စက်ရုံတွေပိတ်သိမ်းရတာဟာ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်တာနဲ့ ကုန်အမှာ အော်ဒါမရတာကြောင့်ဖြစ်ပါတယ်။ 

ဥရောပအခြေစိုက်အဝတ်အထည်လုပ်ငန်းတွေက စစ်အာဏာသိမ်းပြီးနောက်မှာ ကုန်အမှာ တွေ ရပ်ဆိုင်းထားခဲ့ပေမဲ့ မေလနှောင်းပိုင်းမှာတော့ မြန်မာအထည်ချုပ်လုပ်သားတွေကို စာနာ သော အားဖြင့် ကုန်အမှာ ပြန်ပေးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဥရောပလုပ်ငန်းရှင်တွေရဲ့ဆောင်ရွက်ချက်ကို မကန့်ကွက်ချင်ပေမဲ့ စစ်အာဏာရှင် သက်ဆိုး မရှည်အောင်တိုက်နေတဲ့ကာလမှာ စစ်ကောင်စီယန္တရားမလည်ပတ်နိုင်အောင် လုပ်ငန်း အားလုံး ရပ်ဆိုင်းရမယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့မူနဲ့တော့ ကိုက်ညီမှု မရှိဘူးလို့ NUG အလုပ်သမား ဒုဝန်ကြီးက ပြောပါတယ်။ 

စစ်ကောင်စီပြုတ်ကျအောင် တိုက်နေရသလို အလုပ်သမားတွေရဲ့စားဝတ်နေရေးကလည်း ရှိနေသေးတဲ့အတွက် လုပ်ရကိုင်ရခက်တယ်လို့လည်း ဆိုပါတယ်။ 

အခြေခံလုပ်သားတွေရဲ့ စားဝတ်နေရေးကိုကူညီနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး နည်းလမ်းရှာနေတယ်လို့ NUG အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ဆိုပါတယ်။

ဥရောပနာမည်ကျော် အဝတ်အထည်လုပ်ငန်းတွေက မြန်မာ့အထည်ချုပ်လုပ်ငန်းကို ကုန်အမှာတွေ ပြန်ပေးမယ်လို့ ဆိုပေမဲ့  အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကတော့ အလုပ်သမားတွေအတွက် အကာအကွယ်တွေ မပေးနိုင်ဘဲ ကုန်အမှာပေးတာဟာ အလုပ်သမား တွေအတွက် အကျိုးမရှိနိုင်ဘူးလို့ ဆိုကြပါတယ်။

ဥရောပအဝတ်အထည်လုပ်ငန်းတွေကတော့ အထည်ချုပ်လုပ်ငန်းမှာ စစ်ကောင်စီရဲ့ ပါဝင်ပတ်သက်မှု  မရှိသလောက်နည်းပါးတဲ့အတွက် ကုန်အမှာ ပြန်ပေးဖို့ဆုံးဖြတ်တာလို့ ဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013