DVB Logo
Home
Lead Story
မြန်မာနိုင်ငံရဲ့ ဆက်ထိန်းမထားနိုင်တဲ့ လူမှုကွန်ရက် ပိတ်ပင်ဖြတ်တောက်မှု
DVB
·
April 13, 2021
မြန်မာနိုင်ငံရဲ့ ဆက်ထိန်းမထားနိုင်တဲ့ လူမှုကွန်ရက် ပိတ်ပင်ဖြတ်တောက်မှု
Donate to DVB

မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပြန်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဖေ့စ်ဘွတ်ခ် သုံးဖို့ကတော့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့  The diplomat မဂ္ဂဇင်းဝက်ဘ်ဆိုက်မှာ  ဧပြီ ၁၂ရက်က ရေးသားဖော်ပြတယ်။

ဖေဖော်ဝါရီ ၁ ရက်က အေရိုးဗစ် အကနည်းပြ အမျိုးသမီးတယောက်ဟာ မြန်မာ့မြို့တော် နေပြည်တော်မှာ အာဏာသိမ်းနေတာကို မသိလိုက်ဘဲ ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်နေပုံကို ဗီဒီယိုရိုက်ကူးထားခဲ့လို့ နာမည်ကြီးခဲ့ပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ သူဟာ နေ့စဉ်ပုံမှတ် လုပ်နေကျအတိုင်း အေရိုးဘစ် လေ့ကျင့်နေပေမယ့် သူ့နောက်ကျောမှာ သံချပ်ကာ ကားတန်းကြီး ဖြတ်သွားရင်း ရုတ်တရက် အာဏာသိမ်းနေတဲ့ ရှုခင်းကို မသိလိုက်ဘဲ မှတ်တမ်းတင်သလို ဖြစ်ခဲ့တာပါ။

ဒီရုပ်သံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆုတ်ယုတ်ပုံကို ပြနေပေမယ့် အရင်က ရနိုင်မယ် မထင်ခဲ့တဲ့ နည်းပညာနဲ့ စီးပွားရေး တိုးတက်မှု အဆင့်တရပ်ကို ထင်ဟပ်နေပါတယ်။

ကျန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက မြန်မာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းထက်နည်းတဲ့သူတွေသာ အင်တာနက် သုံးနိုင်ခဲ့ပြီး ကြိုးဖုန်းတွေက တကယ့်ရှားပါးဇိမ်ခံပစ္စည်း ဖြစ်ခဲ့တာပါ။ ခုတော့ နိုင်ငံလူဦးရေ တဝက်ကျော်က လေ့ကျင့်ခန်းဗီဒီယိုကို ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့တဲ့အထိ အင်တာနက်နဲ့ စမတ်ဖုန်းတွေကို  ဈေးချိုချိုနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ခဲ့တယ်လို့ The diplomat က ရေးသားဖော်ပြပါတယ်။

အာဏာသိမ်းချိန် အေရိုးဗစ် ကစားနေတဲ့ ရုပ်သံက ကမ္ဘာကျော်သွားသလိုပဲ စစ်တပ်က ဆန္ဒပြပွဲတွေကို ဟန့်တားဖို့နဲ့ သတင်းအချက်အလက် စီးဆင်းမှု ထိန်းချုပ်ဖို့  အင်တာနက်ကို ဖြတ်တောက်လိုက်ပါတယ်။

နောက်ပိုင်းမှာ အင်တာနက်ကို ပြန်ဖွင့်ပေးပေမယ့် ဖေ့စ်ဘွတ်တွစ်တာနဲ့ အင်စတာဂရမ် လူမှုကွန်ယက်တွေကို ပိတ်ဆို့ထားဖို့ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။ ခုတော့ အဲဒီ လူမှုကွန်ယက်တွေနဲ့ အတူ ဝီကီပီးဒီးယားနဲ့ WhatsApp စာတိုပို့ရေး ဝန်ဆောင်မှုတွေ မြန်မာနိုင်ငံတဝန်း မသုံးနိုင်တာ အချိန် ၂လကျော် ကြာခဲ့ပါပြီ။ 

ကနဦး အင်တာနက် ဖြတ်တောက်မှုဟာ တိုင်းပြည်ရဲ့ ဘဏ်စနစ်ကို တုံ့ဆိုင်း ရပ်တံ့စေပြီး စီးပွားရေး လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ ကာလကြာရှည် အင်တာနက် ပိတ်ထားတာဟာ စီးပွားရေးကို ကပ်ဆိုက်စေလိမ့်မယ်ဆိုတာ စစ်တပ်က အသိအမှတ်ပြုခဲ့ပုံရတယ်လို့ The diplomat က သုံးသပ်ပါတယ်။ 

ဒါပေမဲ့ လူမှုကွန်ယက် မီဒီယာတွေကို ပိတ်တာကတော့ ရေရှည်ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဖေ့စ်ဘွတ်ခတ်ဟာ  မြန်မာနိုင်ငံမှာ အီလက်ထရောနစ် စီးပွားရေးအတွင်း နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ အင်တာနက်နဲ့ အနက်အဓိပ္ပာယ်တူတဲ့ အရာလို့လည်း ဆောင်းပါးရှင် ပီတာဟန့်က  The diplomat မှာ ရေးသားထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013