DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီလာခံကို နှောင့်ယှက်ခြင်းမှ ကာကွယ်သည့် ဥပဒေ ရုပ်သိမ်း
DVB
·
January 16, 2013
အမျိုးသားညီလာခံကို နှောင့်ယှက်ခြင်းမှ ကာကွယ်သည့် ဥပဒေ ရုပ်သိမ်း
Donate to DVB

နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနဲ့ အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်တဲ့ဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေတခု  ဇန်န၀ါရီ ၁၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရက ထုတ်ပြန်ထားတဲ့ အမျိုးသားညီလာခံကို အောင်မြင်စွာ ဆောင်ရွက်ရေးကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ အမှတ် ၅/၉၆ ကို ရုပ်သိမ်းလိုက်တာပါ။

အဲဒီဥပဒေဟာ ၁၉၉၃ ခုနှစ်ကစလို့ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြတာနဲ့ တိုင်းရင်းသားအရေးကိစ္စတွေ တင်ပြလာခဲ့ရင်လည်း ကာကွယ်ပြီး အမျိုးသားညီလာခံကို ဝေဖန်တဲ့သူတွေ အမြောက်အမြား ဖမ်းဆီးထောင်ချဖို့အတွက် အရင် စစ်အစိုးရလက်ထက်က ထုတ်ပြန်ထားတဲ့ဥပဒေလည်း ဖြစ်ပါတယ်။

အမျိုးသားညီလာခံ ကျင်းပပြီးစီးခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်ပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားညီလာခံ နှောင့်ယှက်တာကို ကာကွယ်တဲ့ဥပဒေ မလိုအပ်တဲ့အတွက် ရုပ်သိမ်းတာပါလို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်းက သုံးသပ်ပြောဆိုပါတယ်။

“အမျိုးသားညီလာခံဆန့်ကျင့်တဲ့ ဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲဖို့ အမျိုးသားညီလာခံ ခေါ်ယူတယ်၊ ညီလာခံကို ဆန့်ကျင်တဲ့ ပြောဆိုဝေဖန်ရေးသားတာတွေကို လုပ်ရင် အဲဥပဒေအရ အရေးယူနိုင်တယ် ဆိုတာပါ။ ဒါ အခုမလိုတော့ဘူးလေ။ ဖွဲ့စည်းပုံကပြီးသွားပြီလေ။ ဒါကြောင့် ပယ်ဖျက်တာပါ။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရ စိတ်တိုင်းကျရေးဆွဲဖို့အတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့ပြီး အမျိုးသားညီလာခံကို မပျက်အောင် ထုတ်ပြန်ထားတဲ့ ဥပဒေသာဖြစ်တယ်လို့ အမျိုးသားညီလာခံကို ဝေဖန်လို့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ် ခံရဖူးတဲ့ မသီတာ (စမ်းချောင်း) က ပြောပါတယ်။

“အမျိုးသားညီလာခံမှာ အုပ်စု ၈ စုခွဲလိုက်တဲ့အခါ ၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်က ၁ စုအနေနဲ့ပဲပါတယ်။ ကျန်တာက သူတို့ သတ်မှတ်ထားတဲ့ စိတ်တိုင်းကျ ခြယ်လှယ်လို့ရတဲ့ တောင်သူလယ်သမားတို့ လယ်သမားတို့ကို ထည့်ထားတာပေါ့။ အဓိက ရည်ရွယ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်တိုင်းကျ ရေးဆွဲဖို့ပေါ့။ တကယ်ကျတော့ အမျိုးသားညီလာခံဆိုတာ ညီလာခံအဆင့်မျိုး မဟုတ်ဘူး။ အားလုံးကို ကိုယ်စားမပြုဘူး။ တိုင်းရင်းသားတို့ ဆိုတာလည်း သူတို့နဲ့အဆင်ပြေတဲ့သူပေါ့။ အမှန်အတိုင်းဖြစ်ရမှာက ၁၉၉၀ ရွေးကောက်ပွဲရလဒ်က ရလာတဲ့ ကိုယ်စားလှယ်တွေကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးတာဖြစ်သင့်တာ။ အမှန်က ၉၀ မှာ အာဏာကို၊ အများစုနိုင်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို မလွှဲချင်တော့ ဒါကို အစားထိုးလုပ်ခဲ့တာကိုး။ ဒါက မထင်မှတ်ဘဲ ညီလာခံသက်တမ်းက ၁၃ နှစ် ၁၄ နှစ် ကြာသွားတာပေါ့။”

အမျိုးသားညီလာခံကို ဝေဖန်ခဲ့တဲ့အတွက် မသီတာ (စမ်းချောင်း) နဲ့ ၁၁ ဦး၊ ဒေါက်တာအောင်ခင်ဆင့်နဲ့ ၁၅ ဦး စုစုပေါင်း ၂၆ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013