DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံ သင်္ကြန်ပွဲတော်တွင် လူ ၂၀၀၀၀ ခန့် ပျော်ရွှင်စွာရေကစား
DVB
·
September 2, 2019
ဂျပန်နိုင်ငံ သင်္ကြန်ပွဲတော်တွင် လူ ၂၀၀၀၀ ခန့် ပျော်ရွှင်စွာရေကစား
1 / 14
Donate to DVB

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်၊ ဆုရုဂရှီမမြို့မှာ မြန်မာ့ရိုးရာ သင်္ကြန်ရေကစားပွဲကို စက်တင်ဘာ ၁ ရက်က ကျင်းပရာမှာ ဂျပန်ရောက်မြန်မာတွေနဲ့ ဒေသခံဂျပန်လူမျိုးတွေ အပါအဝင် လူပေါင်း ၂၀၀၀၀ နီးပါးပျော်ရွှင်စွာ ရေကစားခဲ့ကြပါတယ်။

မြန်မာကျောင်းသား ၁၈၇ ဦးကို ဂျပန်ပညာသင်ထောက်ပံ့ပေးခဲ့တဲ့ ဂျပန်စစ်ပြန်ကြီး တဦးဖြစ်တဲ့ Imaizumi Memorial Burmese Scholarship Foundation ရဲ့ ဥက္ကဋ္ဌ Mr. Seji Imaizumi ရဲ့မွေးရပ်မြေမှာ အိုလံပစ်အားကစားပွဲတော် မြန်မာအားကစားသမားတွေကို လက်ခံသွားမယ့် မြို့သူမြို့သားတွေကို မြန်မာနိုင်ငံရဲ့ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို နားလည်သဘောပေါက်စေဖို့နဲ့ရည်ရွယ်ကျင်းပတာလို့ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်က ဒီဗွီဘီကို ပြောပါတယ်။

အခုနှစ် သင်္ကြန်ပွဲတော်အတွင်း ၂၀၂၀ ခုနှစ် အိုလံပစ်အားကစားပွဲအတွက် ကြိုတင်ပြင်ဆင် လေ့လာတဲ့အနေနဲ့ မြန်မာနိုင်ငံက ထူးချွန်အားကစားတွေနဲ့ နည်းပြများကိုဖိတ်ခေါ်ကာ ဂျိုဆိုင်း တက္ကသိုလ်မှာတာဝန်ယူ လေ့ကျင့်လေ့လာတာတွေ ပြုလုပ်နေတယ်လို့လည်း ဖောင်ဒေးရှင်း တာဝန်ခံတဦးဖြစ်တဲ့ ဂျိုးဆိုင်း တက္ကသိုလ်မှ ဒေါ်သီသီလေးက  ပြောပြပါတယ်။

အခုလို မြန်မာတွေအများကြီးနဲ့ ဂျပန်မှာရေကစားရတာ အရမ်းပျော်ပြီးပထမဦးဆုံး အတွေ့အကြုံပါပဲလို့လည်း ဂူးမားခရိုင်ကားစက်ရုံမှ လာရောက်ခဲ့သူ ကိုမင်းသွေးက ပြေပါတယ်။

မြန်မာနိုင်ငံသားတွေက ယဉ်ကျေးဖော်ရွေကြပြီး ခင်မင်စရာကောင်းတယ်လို့ ဒေသခံ ဂျပန်လူမျိုးတွေက ပြောပြခဲ့ပြီး ပြီးခဲ့တဲနှစ်က လူပေါင်း ၈၀၀၀ လောက် ရေလာကစားခဲ့ကြကာ အခုနှစ်မှာတော့ ၂၀၀၀၀ နီးပါးလာရောက်ခဲ့တယ်လို့လည်း ဒေသခံအစိုးရ အရာရှိတဦးက ဒီဗွီဘီကိုပြောပါတယ်။

သင်္ကြန်ပွဲတော်ကို ဆုရုဂရှီမမြို့တော်ဝန်၊ မြန်မာသံရုံးနဲ့ အိမအီဇူမီအထိမ်းအမှတ် မြန်မာပညာရည်ချွန်ဆု ဖောင်ဒေးရှင်းအဖွဲ့တို့ ဦးစီးပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင် ကျင်းပတာဖြစ်ပြီး အခုနှစ်မှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။

 သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်


ဂ်ပန္ႏိုင္ငံ သၾကၤန္ပြဲေတာ္တြင္ လူ ၂၀၀၀၀ ခန႔္ ေပ်ာ္႐ႊင္စြာေရကစား ေဇာ္ေဇာ္လႈိင္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ေတာ္၊ ဆု႐ုဂရွီမၿမိဳ႕မွာ ျမန္မာ့႐ိုးရာ သၾကၤန္ေရကစားပြဲကို စက္တင္ဘာ ၁ ရက္က က်င္းပရာမွာ ဂ်ပန္ေရာက္ျမန္မာေတြနဲ႔ ေဒသခံဂ်ပန္လူမ်ိဳးေတြ အပါအဝင္ လူေပါင္း ၂၀၀၀၀ နီးပါးေပ်ာ္႐ႊင္စြာ ေရကစားခဲ့ၾကပါတယ္။

ျမန္မာေက်ာင္းသား ၁၈၇ ဦးကို ဂ်ပန္ပညာသင္ေထာက္ပံ့ေပးခဲ့တဲ့ ဂ်ပန္စစ္ျပန္ႀကီး တဦးျဖစ္တဲ့ Imaizumi Memorial Burmese Scholarship Foundation ရဲ႕ ဥကၠ႒ Mr. Seji Imaizumi ရဲ႕ေမြးရပ္ေျမမွာ အိုလံပစ္အားကစားပြဲေတာ္ ျမန္မာအားကစားသမားေတြကို လက္ခံသြားမယ့္ ၿမိဳ႕သူၿမိဳ႕သားေတြကို ျမန္မာႏိုင္ငံရဲ႕႐ိုးရာဓေလ့ထုံးစံ ယဥ္ေက်းမႈေတြကို နားလည္သေဘာေပါက္ေစဖို႔နဲ႔ရည္႐ြယ္က်င္းပတာလို႔ ျမန္မာသံအမတ္ႀကီး ဦးသူရိန္သန႔္ဇင္က ဒီဗြီဘီကို ေျပာပါတယ္။ အခုႏွစ္ သၾကၤန္ပြဲေတာ္အတြင္း ၂၀၂၀ ခုႏွစ္ အိုလံပစ္အားကစားပြဲအတြက္ ႀကိဳတင္ျပင္ဆင္ ေလ့လာတဲ့အေနနဲ႔ ျမန္မာႏိုင္ငံက ထူးခြၽန္အားကစားေတြနဲ႔ နည္းျပမ်ားကိုဖိတ္ေခၚကာ ဂ်ိဳဆိုင္း တကၠသိုလ္မွာတာဝန္ယူ ေလ့က်င့္ေလ့လာတာေတြ ျပဳလုပ္ေနတယ္လို႔လည္း ေဖာင္ေဒးရွင္း တာဝန္ခံတဦးျဖစ္တဲ့ ဂ်ိဳးဆိုင္း တကၠသိုလ္မွ ေဒၚသီသီေလးက ေျပာျပပါတယ္။ အခုလို ျမန္မာေတြအမ်ားႀကီးနဲ႔ ဂ်ပန္မွာေရကစားရတာ အရမ္းေပ်ာ္ၿပီးပထမဦးဆုံး အေတြ႕အႀကဳံပါပဲလို႔လည္း ဂူးမားခ႐ိုင္ကားစက္႐ုံမွ လာေရာက္ခဲ့သူ ကိုမင္းေသြးက ေျပပါတယ္။ ျမန္မာႏိုင္ငံသားေတြက ယဥ္ေက်းေဖာ္ေ႐ြၾကၿပီး ခင္မင္စရာေကာင္းတယ္လို႔ ေဒသခံ ဂ်ပန္လူမ်ိဳးေတြက ေျပာျပခဲ့ၿပီး ၿပီးခဲ့တဲႏွစ္က လူေပါင္း ၈၀၀၀ ေလာက္ ေရလာကစားခဲ့ၾကကာ အခုႏွစ္မွာေတာ့ ၂၀၀၀၀ နီးပါးလာေရာက္ခဲ့တယ္လို႔လည္း ေဒသခံအစိုးရ အရာရွိတဦးက ဒီဗြီဘီကိုေျပာပါတယ္။ သၾကၤန္ပြဲေတာ္ကို ဆု႐ုဂရွီမၿမိဳ႕ေတာ္ဝန္၊ ျမန္မာသံ႐ုံးနဲ႔ အိမအီဇူမီအထိမ္းအမွတ္ ျမန္မာပညာရည္ခြၽန္ဆု ေဖာင္ေဒးရွင္းအဖြဲ႕တို႔ ဦးစီးၿပီး ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က စတင္ က်င္းပတာျဖစ္ၿပီး အခုႏွစ္မွာ ဒုတိယအႀကိမ္ က်င္းပတာျဖစ္ပါတယ္။ သတင္း၊ ဓာတ္ပုံ - ေဇာ္ေဇာ္လႈိင္  
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013