DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင်းရှိ ၃ မြွှာပူးမိသားစုများနှင့် မသန်စွမ်းများအား ထောက်ပံ့ငွေပေးအပ်
DVB
·
May 20, 2018
စစ်ကိုင်းတိုင်းတွင်းရှိ ၃ မြွှာပူးမိသားစုများနှင့် မသန်စွမ်းများအား ထောက်ပံ့ငွေပေးအပ်
Donate to DVB

 

စစ်ကိုင်းတိုင်းထဲက မသန်စွမ်းတွေ၊ မိခင်ဝိုင်းတွေနဲ့ သုံးမြွှာပူးမွေးသူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ၇၇၀ ကျော် ဒီနေ့ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက  “လူ့ဂုဏ်သိက္ခာနဲ့ လူ့အသိုင်းအဝိုင်းဖြစ်အောင် ဖော်ဆောင်တာ လူမှုဝန်ထမ်း ဝန်ကြီးဌာနရဲ့ မူဝါဒဖြစ်တယ်။ လူမှုကာကွယ်စောင့် ရှောက်ရေး နည်းတွေနဲ့ဆောင်ရွက်ပါတယ်။ အခုဆောင်ရွက်တဲ့ ကိစ္စတွေဟာ လူမှုကာကွယ် စောင့်ရှောက်ရေး နည်းလမ်း ၈ ချက်ရှိတဲ့ အထဲကဟာတွေကို အကောင်အထည်ဖော် နေတာဖြစ်ပါတယ်။ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေဟာ မွေးကင်းစကနေ သက်ကြီး ရွယ်အိုကြားထဲမှာ အချက် ၈ ချက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒါတွေကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာလည်း ဒီလို လုပ်ဆောင်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

“ဆင်းရဲမှု အနိမ့်ကျဆုံး ကိန်းဂဏန်းတွေအရ လုပ်ဆောင်နေတာဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ပေးစရာတွေလည်း အများကြီးရှိတယ်။ စစ်ကိုင်းတိုင်းမှာလည်း အလွန်ကို ချို့တဲ့ တဲ့ နေရာတွေအများကြီးရှိတယ်လို့ သိရပါတယ်” လို့ ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်စကားမှာ ပြောဆိုခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ထောက်ပံ့ငွေပေးအပ်ပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မသန်စွမ်းတွေ၊ ကလေးငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ဒေါက်တာဝင်းမြတ်အေးက မုံရွာခရိုင်ထဲက မသန်စွမ်းသူပေါင်း အယောက် ၉၈၀ အတွက် ငွေကျပ်သိန်းပေါင်း ၂၉၄ သိန်း၊ မိခင်ဝိုင်းများအတွက် ၃၀၆ သိန်းကျော်၊ ဒီပဲယင်း၊ ကသာ၊ ဟုမ္မလင်းမြို့နယ်က ၃ မြွှာပူးမိသားစုအတွက် ၁၅ သိန်းကျပ်နဲ့ တခြား မျက်မမြင်ကျောင်း၊ မိဘမဲ့ကျောင်း၊ ဘိုးဘွားရိပ်သာတွေအတွက်လည်း ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း ၇၇၁ သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့တာပါ။

စစ်ကိုင်းတိုင်းထဲမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ ၆၆၉၂ ယောက်၊ အမြင်အာရုံမသန်စွမ်းသူ ၂၄၀၃ ယောက်၊ အကြားအာရုံမသန်စွမ်းသူ ၁၉၉၆ ယောက်၊ ဉာဏ်ရည်မသန်စွမ်းသူ ၂၀၁၃ ယောက်ရှိပါတယ်။

မသန်စွမ်းသူတွေမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း အများနည်းတူ တန်းတူညီမျှမှုနည်းပါးတဲ့အပြင် ဆင်းရဲနွမ်းပါးမှုမြင့်မားတာ၊ အလုပ်လက်မဲ့နှုန်း များတာနဲ့ ဝင်ငွေမလုံလောက်တာတွေ ကြုံတွေ့နေကြရတယ်လို့ တက်ရောက်လာတဲ့ မသန်စွမ်းတွေက ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေနဲ့ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေကို အကောင်အထည်ဖော်ဆောင်တဲ့ နေရာမှာ ဘက်ဂျက်အခက်အခဲရှိတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013