Home
မြန်မာသတင်း
စကားပြောနိုင်၊ ပြုံးနိုင်၊ သီချင်းဆိုနိုင်သည့် လိင်ဆက်ဆံဖော် ဆီလီကွန်အရုပ်မ လာတော့မည် (ရုပ်သံ)
DVB
·
July 27, 2017
doll1
စမတ်ဖုန်းတွေနဲ့ ထိန်းချုပ်ကာ စကားပြောနိုင်၊ ပြုံးနိုင်၊ သီချင်းဆိုနိုင်ပြီး မျက်နှာ အမူအရာတွေကိုပါ ဖော်ပြနိုင်မယ့် နောက်ဆုံးပေါ် လိင်ဆက်ဆံဖေါ် ဆီလီကွန်အရုပ်မ ဖန်တီးနိုင်ဖို့ ဦးခေါင်းနမူနာကို တရုတ်ကုမ္ပဏီတခုက တီထွင်နိုင်ခဲ့ပါတယ်။ ခုတီထွင်လိုက်တဲ့ နောက်ဆုံးမော်ဒယ် ဆီလီကွန်စက်ရုပ်ဟာ လှပတဲ့ မျက်နှာနဲ့အတူ အသံကို မှတ်မိနိုင်တဲ့ ကွန်ပျူတာဆော့ဖ်ဝဲ အသုံးပြုထားတာမို့ စကားတွေကို နားထောင်နိုင်၊ မေးခွန်းတွေကို ဖြေနိုင်မယ်လို့ ဆိုပါတယ်။ Doll Sweet Dolls and EX Doll ဆီလီကွန်အရုပ်ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကတည်းက စက်ရုပ်နည်းပညာ စမ်းသပ်သုတေသနပြုလုပ်မှုတွေ စတင်ခဲ့တာဖြစ်ပြီး ခုတော့ တိုးတက်မှုနဲ့ ရလဒ်တွေ ရှိလာပါပြီလို့ ပြောပါတယ်။ အခု အသစ်တီထွင်လိုက်တဲ့ ရွေ့လျားလို့ရတဲ့ စက်ရုပ်ရဲ့ ဦးခေါင်းကို ဆီလီကွန် အသားအရေနဲ့ ဖုံးထားပြီး စမတ်ဖုန်းကနေ ထိန်းချုပ်နိုင်မယ့် နောက်ဆုံးပေါ် ဆီလီကွန် စက်ရုပ်ခေါင်း နမူနာကို ထုတ်လုပ်ပြီးသွားခဲ့ပြီလို့ ဆိုပါတယ်။ မျက်နှာအမူအရာတွေကိုပါ ပြသနိုင်မယ့် ဒီအရုပ်ဟာ တရုတ် ဘာသာစကားနဲ့ပဲ လောလောဆယ်ဆယ် ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာစကားတွေ ပြောဆိုနိုင်မယ့် လိင်ဆက်ဆံဖော် ဆီ လီကွန်စက်ရုပ်တွေ ထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီက လှုံ့ဆော်မှုတွေ လုပ်ပြီး ရန်ပုံငွေရှာဖွေမှု တွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ တီထွင်ဖန်တီးသူတွေက “အခု တီထွင်လိုက်တဲ့ အရုပ်က ပြုံးနိုင်မယ်၊ စကား ပြောနိုင်မယ်၊ သီချင်းဆိုနိုင်မယ်။ သူ့ရဲ့ရုပ်ရည်သွင်ပြင်မှာ ခံစားမှုကို ထိထိမိမိပြတဲ့ ပိုပြီး အသက်ဝင်တဲ့ တကယ့် လူတယောက်လို ပုံစံမျိုး ကျနော်တို့က ဖြစ်စေချင်တာပါ။ ဒီစက်ရုပ်ကို ပိုမိုလှပစေချင်တာကလည်း ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ”လို့ ပြောပါ တယ်။ ဒီကုမ္ပဏီဟာ ဥရောပဈေးကွက်ဆီ လက်လီရောင်းချခွင့်ပြုထားတဲ့ ကုမ္ပဏီဖြစ်ပြီး နောက်နှစ်ကုန်လောက်မှာတော့ အင်္ဂလန်နိုင်ငံကိုပါ စက်ရုပ်ဦးခေါင်းတွေ ပို့ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီစီမံကိန်းကို လုပ်ဆောင်နေဆဲဖြစ်ပြီး ၂၀၁၇ အကုန် ဒါမှမဟုတ် နောက်နှစ် နှစ်ဦးပိုင်းမှာ လုံးဝထုတ်လုပ်သွားနိုင်မှာဖြစ်ကာ အမျိုးသမီး၊ အမျိုးသား ပုံသဏ္ဌာန်လိင်ဆက်ဆံဖော် ဆီလီကွန်စက်ရုပ်တွေ မကြာခင်မှာ ရရှိနိုင်တော့မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024