Home
မြန်မာသတင်း
အ.ထ.က ၆ ဗိုလ်တထောင်ကျောင်းကို ရှေးဟောင်းအဆောက်အုံအပြာရောင်ကမ္ပည်းပြား တပ်ဆင်
ထွန်းထွန်းသိန်း
·
March 2, 2017
17098164_1340547342676408_202016647340214244_n
17021565_1340547372676405_2805649811032860830_n
16938752_1340547396009736_376581619859333518_n
ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အ.ထ.က ၆ ဗိုလ်တထောင်ကျောင်းကို ရှေးဟောင်း အဆောက်အအုံ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ပေးခဲ့ပါတယ်။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အ.ထ.က ၆ ဗိုလ်တထောင်ကျောင်းကို ၁၈၈၅ ခုနှစ်မှာ ဘုန်းတော်ကြီး ပေါလ်ဘီဂန်ဒတ်က တည်ထောင်ခဲ့ပြီး မူလ စိန်ပေါလ်ကျောင်းအဖြစ် လူသိများခဲ့ပါတယ်။ အခုလို ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်ဖို့အတွက် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ တော်ဝင် ဖီးလစ်(Royal Philips) ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကမ္ပည်းပြားတွေကို ထူးခြား ဗိသုကာ လက်ရာရှိတဲ့ အဆောက်အဦတွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ နေအိမ်တွေ အပါအ၀င် သမိုင်းအတွက်အရေးပါတဲ့ အဆောက်အအုံတွေမှာ ဆက်လက်တပ်ဆင်သွားမယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024