DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်စက်ရုံများ ဥပဒေချိုးဖောက်နေကြောင်း စစ်ဆေးဖော်ထုတ်
DVB
·
February 1, 2017
အထည်ချုပ်စက်ရုံများ ဥပဒေချိုးဖောက်နေကြောင်း စစ်ဆေးဖော်ထုတ်
Donate to DVB

ဂျပန်နိုင်ငံမှ ကုမ္ပဏီများအတွက် အပ်ထည်များကို လက်ခံချုပ်လုပ် တင်ပို့ပေးနေတဲ့ မြန်မာ အထည်ချုပ်စက်ရုံတွေ ဥပဒေချိုးဖောက်နေကြောင်း ဂျပန်အခြေစိုက် အန်ဂျီအိုတွေမှ ရှေ့နေကြီးတွေက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂၅ ရက်က ဂျပန်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြားလိုက်တာပါ။

ဂျပန်ရှေ့နေကြီး မစ္စအီတို ခဇူကိုက ဂျပန်အခြေစိုက် Human Rights Now(NGO) နဲ့  မြန်မာနိုင်ငံအခြေစိုက် ActionLabourRights(NGO) တို့က လုပ်ငန်းခွင်အခြေအနေတွေကို ၂၀၁၆ ခုနှစ် ၈ လပိုင်းက စတင်စုံစမ်းလေ့လာခဲ့ပြီး တွေ့ရှိချက်တွေကို ဂျပန်နိုင်ငံမှာ လက်ခံရောင်းချပေးတဲ့ MikiHouse အ၀တ်အထည်ကုမ္ပဏီနဲ့ WACOAL အမျိုးသမီးအတွင်းခံတွေ ထုတ်လုပ်ရောင်းချတဲ့ Lecien ကုမ္ပဏီတွေကို ဒီဇင်ဘာလအတွင်းက ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးတွေ့ရှိချက်များအရ မြန်မာအလုပ်သမားတွေကို ဥပဒေအရ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခထက် လျော့နည်းတဲ့ လစာကိုသာ ပေးထားတာ၊ ညဘက်အချိန်ပိုတွေ တရားမ၀င် ဆင်းခိုင်းတာ၊ နားရက်မှာ အတင်းအကျပ်  အလုပ်ဆင်းခိုင်းတာတွေ၊ လုပ်ခလစာ နောက်ကျမှရရှိတာ၊ အမျိုးသမီးတွေ မီးဖွားခွင့်အပါအ၀င် အခွင့်အရေးတွေ မရရှိတာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ အ၀တ်အထည်ရောင်းချတဲ့ ဂျပန်ကုမ္ပဏီများက အန်ဂျီအိုတွေရဲ့ ပေးပို့ချက်များအရ ဆက်လက်ပြီး သက်ဆိုင်ရာစက်ရုံတွေဖြစ်တဲ့ Zuyuan Edenweiss Sanwa Industry Company Limited နှင့် Myanmar SEINUS ကို ရှောင်တခင် စစ်ဆေးမေးမြန်းရာမှာ မြန်မာအလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုတွေ ထပ်မံပြီး ထုတ်ဖော်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျပန် အ၀တ်အထည်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ စက်ရုံတွေကို တိုက်ရိုက် လာရောက်ရင်းနှီးမြှုပ်နှံခင်းမရှိဘဲ အခြားဂျပန်ကုမ္ပဏီ Takihyo Co., Ltd.က တဆင့် တရုတ်နဲ့  ကိုရီးယားနိုင်ငံတွေက မြန်မာနိုင်ငံမှာ စက်ရုံတည် ချုပ်လုပ်နေတာဖြစ်ပါတယ်။

Human Rights Now(NGO) တာဝန်ခံ ဂျပန်ရှေ့နေကြီး မစ္စအီတို ခဇူကိုက အခုလို မြန်မာအလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရတာမျိုးမှာ ဂျပန်ကုမ္ပဏီတွေ ပတ်သက်နေမှုကို လုံးဝလက်မခံနိုင်သလို ဂျပန်အစိုးရနဲ့ ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူဖြေရှင်းရမယ်လို့လည်း ဒီဗွီဘီကို ထပ်မံပြောဆိုခဲ့ပါသေးတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013