Home
မြန်မာသတင်း
ဟင်္သာတမြို့နယ်တွင် ကျောင်းသား ၂ ဦး ရေနစ်သေဆုံး
DVB
·
February 21, 2016
12745663_1667361583530458_2383577161377175408_n
12742120_1667361376863812_3270069488374877234_n
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ခေါင်းဈေးကျွန်းအုပ်စု သာယာကုန်းထိပ် ကျုံလဟာဖြတ် ကတို့အနီးမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၁၀ နာရီက ကျေင်းသား ၂ ဦး ရေနစ်သေဆုံးသွားပါတယ်။ ရန်ကုန်မြို့ကနေ ဟင်္သာတ GTC ကောလိပ်မှာ လာရောက်ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသား ၁၀ ဦးဟာ သောင်ခုံပေါ်မှာ ဘောလုံးကန်ပြီး ရေဆင်းကူးခဲ့ရာကနေ ရေအနက်ပိုင်းကို ၅ ဦး ရောက်ရှိသွားပြီး ရေနစ်မြုပ်ခဲ့လို့ ၂ ဦး သေဆုံးသွားတာဖြစ်ပါတယ်။ ကျောင်းသား ၅ ဦး ရေနစ်မြုပ်တာကို ကျန်ကျောင်းသားတွေက အော်ဟစ်အကူညီတောင်းတာကြောင့် ဘေးနားမှာ ရှိနေတဲ့ မော်တော်တွေက လာရောက်ကယ်ဆယ်ခဲ့ပေမယ့် ၃ ဦးကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပျောက်ဆုံးကျောင်းသား ၂ ဦးကို ဒေသခံတွေက ငါးဖမ်းပိုက်တွေနဲ့ ၀ိုင်းဝန်းရှာဖွေခဲ့ရာ မနက် ၁၁ နာရီနဲ့ ညနေ ၅ နာရီမှာ သေဆုံးအလောင်းတွေကို ဆယ်ယူနိုင်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ကျောင်းသား ၂ ရဲ့အလောင်းကို နှလုံးလှနာရေးကူညီမှုအသင်းက ဟင်္သာတပြည်သူ့ဆေးရုံ ပို့ပေးခဲ့တယ်လို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။ ကျောင်းသား ၂ ဦး ရေနစ် သေဆုံးခဲ့မှုကို ဟင်္သာတအမှတ် ၁ မြို့မရဲစခန်းက စခန်း မူးကိုယ်တိုင် ၃/၂၀၁၆ သေမှုသေခင်းအဖြစ် ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - အဓိပတိ ဟင်္သာတသား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024