DVB Logo
မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာ အရေးယူဒဏ်ခတ်မှု (Myanmar Sanctions Monitor)

မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာ အရေးယူဒဏ်ခတ်မှု (Myanmar Sanctions Monitor)

DVB Data Team

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေသူတွေအပေါ် နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ သိသိသာသာ ပိုများလာပါတယ်။


ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလို ဆိုက်ဘာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှုတွေကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေလည်း ဒီနှစ်ပိုင်းတွေမှာ ရှိလာနေပါပြီ။


တဖက်မှာလည်း အခုချိန်ထိ အရေးယူဒဏ်ခတ်မှုတွေကနေ ကင်းလွတ်နေသူတွေ ရှိသလို အရေးယူဒဏ်ခတ်မှုကနေ ကျော်လွှားဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။


DVB သတင်းဌာနအနေနဲ့ လက်ရှိ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပြုစုထားပြီး အသုံးပြုသူကိုယ်တိုင် အခုဒက်ရှ်ဘုတ်မှာ ဝင်ရောက် ရှာဖွေနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။


အရေးယူခံရသူတွေကို စာရင်းပြုစုရာမှာ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို အဓိက အခြေခံထားပါတယ်။ ပြန့်ကျဲနေတဲ့ အချက်အလက်တွေကို စုစည်းပြီး ဖော်ပြထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ တနေရာတည်းကနေ နိုင်ငံတကာက ပိတ်ဆို့ခံထားရသူတွေအကြောင်းကို အလွယ်တကူ သိရှိနိုင်မှာပါ။


အခုဒက်ရှ်ဘုတ်ကို သတင်းသမားတွေ၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူတွေ၊ မြန်မာ့အရေးလေ့လာနေသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအတွက် သတင်းအချက်အလက်တွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။


လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှု ရှိနိုင်တာကြောင့် သက်ဆိုင်ရာ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်သာ အတည်ဖြစ်ကြောင်းလည်း သတိပြုစေလိုပါတယ်။


ဒက်ရှ်ဘုတ်အသုံးပြုနည်းလမ်းညွှန်အား ရယူရန် https://rebrand.ly/mmsanction


ဒက်ရှ်ဘုတ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



ရင်းမြစ်များ

အမေရိကန်

ကနေဒါ

ယူကေ

ဥရောပသမဂ္ဂ

ဆွစ်ဇာလန်

ဩစတြေးလျ

နယူးဇီလန်

DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာ အရေးယူဒဏ်ခတ်မှု (Myanmar Sanctions Monitor) | DVB