DVB Logo
လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ဖမ်းဆီးမှုများနှင့် စွဲချက်တင်မှုများ (Data)

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ဖမ်းဆီးမှုများနှင့် စွဲချက်တင်မှုများ (Data)

DVB Data Team

DVB

စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ပြီး ၂၀၂၆ နှစ်၊ ဇန်နဝါရီလအထိ ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို ဝေဖန်ခြင်းအား ပြစ်မှုမြောက်ကြောင်း သတ်မှတ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေသစ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် ပြဋ္ဌာန်းခဲ့သည်။


ဤဥပဒေတွင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ သေဒဏ်အထိ ပြင်းထန်သော ပြစ်ဒဏ်များ ပါဝင်သည်။


ဤဒေတာပြကွက်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများနှင့်ပတ်သက်၍ စစ်အုပ်စုက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို အသုံးပြုကာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုပုံစံများကို ရှင်းလင်းစွာ ဖော်ပြပေးပါသည်။


ဤဒေတာများကို သတင်းရင်းမြစ်ပေါင်းများစွာမှ စုဆောင်းထားပြီး DVB Data Team က ဂရုတစိုက် ပြန်လည်စိစစ်၍ တည့်သွင်းထားခြင်းဖြစ်သည်။


ဤဒေတာပြကွက်အား သတင်းသမားများ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများ၊ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုများကို မှတ်တမ်းပြုစုနေသူများနှင့် ပြည်သူများအတွက် သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။


တိကျသော အချက်အလက်များကို အခြေခံထားသော်လည်း ဤဒေတာအစုအဝေးသည် မြေပြင်အချက်အလက်များနှင့် အနည်းငယ်ကွာဟမှု ရှိနိုင်ပါသည်။


အသေးစိတ်သိရှိလိုပါက [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ဖမ်းဆီးမှုများနှင့် စွဲချက်တင်မှုများ (Data) | DVB