Home
အထွေထွေ
ရင်သားအတုထဲ ကိုကင်းထည့်လာသူ အမျိုးသမီးကို ကိုလံဘီယာတွင် ဖမ်းမိ
DVB
·
June 20, 2015
ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုကိုတာ လေဆိပ်မှာ ရင်သားအတု နှစ်မြွှာထဲမှာ ကိုကင်း အရည်ထည့်လာတဲ့ အမျိုးသမီးတယောက်ကို ဇွန် ၁၉ ရက်နေ့က ဖမ်းဆီးမိလိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အသက် ၂၂ နှစ်အရွယ် ပါလာ ဒေယန်နီရာ ဆာဘလေဟာ စပိန်ကို သွားဖို့ လေဆိပ် လုံခြုံရေးစည်းကို ဖြတ်တဲ့အချိန်မှာ စိုးရိမ်ထိတ်လန့်နေတဲ့ ပုံစံရှိနေတာကြောင့် မသင်္ကာဖြစ်ပြီး စစ်ဆေးခဲ့တယ်လို့ လေဆိပ်ရဲမှူးကြီး ဒီဂို ရိုစီရိုက သတင်းထောက်တွေကို ပြောပါတယ်။ Woman transporting liquid cocaineဟွန်ဒူးရပ်သူ အမျိုးသမီးဟာ ကိုလံဗီယာကို လွန်ခဲ့တဲ့ ၁၀ ရက်က ရောက်ခဲ့ပြီး သူ့ရင်သားထဲကနေ ကိုကင်းအရည် ၁၅၀၀ ဂရမ်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ သူ့ကို ဆေးခန်းကို ပို့ပြီး စစ်ဆေးတဲ့အခါမှာ ရင်သားနှစ်မြွှာမှာ ကိုကင်းအရည် ၁ ဒသမ ၅ ကီလိုဂရမ် ထည့်ထားတာကို ဆရာဝန်တွေက အတည်ပြုပြီး ဖယ်ထုတ်ခဲ့ပါတယ်။ ရင်သားထဲမှာ ကိုကင်းထည့်တဲ့ ခွဲစိတ်မှုကို ကိုလံဘီယာနိုင်ငံ ပီရီယာမြို့မှာ ပြုလုပ်ခဲ့တာကိုလည်း သိရှိရတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ လောလောဆယ်မှာ ခွဲစိတ်မှုကနေ ရလာတဲ့ရောဂါ ကူးစက်ခံထားရပြီး ဆေးရုံပေါ်မှာပဲ ဆက်ရှိနေတယ်လို့ ပြောပါတယ်။ Woman transporting liquid cocaine2ဒီအမှုဟာ ထောင်ဒဏ် ၆ နှစ် ကျခံနိုင်တဲ့ အမှုဖြစ်ပါတယ်။ ကိုလံဘီယာမှာ နှစ်စဉ် ကိုကင်း တန် ၃၀၀ ထုတ်လုပ်ပြီး နှစ်အတန်ကြာကတည်းက မူးယစ်ကုန်သည်တွေ ကျက်စားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024