အီကွေဒေါရှိ ၀ုဖ်မီးတောင် ပေါက်ကွဲ (ရုပ်သံ)

အီကွေဒေါနိုင်ငံ ဂါလာပါဂိုကျွန်းစုတွေပေါ်က ဝုဖ်မီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတွေ ချော်ရည်တွေ ထွက်လာပုံမှတ်တမ်းတွေကို တွေ့ရတာပါ။ မီးတောင်ဟာ ဇွန် ၁ ရက်နေ့ကတည်းက စပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဒေသတွင်းက ပန်းရောင်ပုတ်သင်ညိုတွေကို ခြိမ်းခြောက်မယ့် အလားအလာ ရှိတယ်လို့ အမျိုးသားဥယျာဉ်က ပြောပါတယ်။ မီးတောင်ကနေ စီးကျလာတဲ့ ချော်ရည်တွေက ပင်လယ်ထဲ ကျနေပြီး ဒီမီးတောင် မလှုပ်ရှားခဲ့တာ ၃၃ နှစ် ရှိပြီးလို့ ဥယျာဉ်က ပြောပါတယ်။ အစ်စာဘေလာကျွန်းပေါ်က ၁.၁မိုင်မြင့်တဲ့ ဝုဖ်မီးတောင်ဆီကို ၁၈၃၅ ခုနှစ်က ချားလ်စ် ဒါဝင် လာရောက် လည်ပတ်အပြီး အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်မှု သီအိုရီကို ထုတ်နိုင်ဖို့ အကူအညီ ဖြစ်ခဲ့ပါတယ်။ ပန်းမန်း သားရိုင်းတိရစ္ဆာန် ပေါင်းစုံ အမျိုးကွဲတွေ ကြွယ်ဝတဲ့ နေရာလဲ ဖြစ်ပါတယ်။ ဒီမီးတောင်ဟာ လူထူထပ်တဲ့နေရာနားမှာ မရှိလို့ လူတွေအတွက် ဘေးမရှိဘူး ကမ္ဘာပေါ်မှာ တနေရာတည်းမှာ ရှိတဲ့ ပန်းရောင် ပုတ်သင်တွေအတွက်ပဲ ဘေးရှိတယ်လို့ ဂါလာပါဂို အမျိုးသားဥယျာဉ်က တွစ်တာအကောင့်ကနေ ပြောပါတယ်။ အီကွေဒေါအစိုးရကတော့ ကျွန်းရဲ့ ဂေဟစနစ်ကို ထိခိုက်မယ့် အလားအလာနဲ့ ပတ်သက်ပြီး ဘာ မှတ်ချက်မှ မပေးနိုင်သေးပါဘူး။ ဧပြီလက အဝါရောင် ပုတ်သင်တွေနဲ့ လိပ်ကြီးတွေနေတဲ့ အစ်စာဘေလာ ကျွန်းပေါ်က အကြီးဆုံး မီးတောင် ဆီရီယာ မှာ မကြုံစဖူး လှုပ်ရှားမှု ရှိခဲ့တယ်လို့ သတင်းပေးပို့ ခဲ့ပါသေးတယ်။ ချီလီမီးတောင် ပေါက်ကွဲမှုအပြီး အီကွေဒေါ မီးတောင်ပေါက်ကွဲမှုဟာ ပစိဖိတ် မီးကွင်းကြီး ရှိရာ တောင်အမေရိကဒေသတွင်း ဘူမိလှုပ်ရှားမှုတွေကြောင့် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up