ပင်လယ်ပြင် လှေစီးဒုက္ခသည်များကို ကယ်တင်ရေး မလေးရှား စတင်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ပြောင်းရွှေ့အခြေချသူတွေကို ရှာဖွေကယ်တင်ဖို့အတွက် မလေးရှားရေတပ်က မေ ၂၈ ရက်နေ့စတင်ပြီး မလေးရှားရေပိုင်နက်ထဲမှာ ကင်းလှည့်သွားမယ်လို့ ရေတပ်ဦးစီးချုပ် ဇိုင်နွမ် အာမက်က ပြောပါတယ်။ မလေးရှား ရေတပ်ဦးစီးချုပ်က “မလေးရှားအစိုးရက ၀င်လာတဲ့ လှေတွေကို လက်ခံသွားမယ်။ ဒါပေမယ့် မလေးရှားရေတပ်သင်္ဘောတွေက အကြောင်းကြားတဲ့အတိုင်းဆိုရင် မလေးရှား ရေပြင်ကနေ ၃ မိုင်အကွာ ထိုင်းရေပြင်မှာပဲ ရှိနေသေးတယ်” လို့ ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က ပြောပါတယ်။ ဒီလအတွင်း မလေးရှားနဲ့ အင်ဒိုနီးရှားကို ကမ်းခြေတွေဆီ ဆိုက်ရောက်ခဲ့တဲ့ ပြောင်းရွှေ့ အခြေချသူ ၃၀၀၀ ကျော် ရှိပါတယ်။ ထိုင်းမြေပေါ်မှာ လူကုန်ကူးတဲ့ လမ်းကြောင်းတွေကို အာဏာပိုင်တွေက ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်ေ်နတာကြောင့် တရားမ၀င် ပြောင်းရွှေ့အခြေချသူတွေဟာ ပုံမှန်အတိုင်း ထိုင်းကမ်းခြေတွေကို ကြားစခန်းအဖြစ် အသုံးမပြုနိုင်တော့ဘဲ ပင်လယ်ပြင်မှာ တ၀ဲလည်လည် ဖြစ်ေ်နကြပါတယ်။ ပင်လယ်ပြင်မှာ ဒီလို မျောနေတဲ့ လှေတွေပေါ်မှာ  လူ ၂၅၀၀ လောက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ မလေးရှားအစိုးရအနေနဲ့ ဒုက္ခရောက်လို့ ပြောင်းရွှေ့လာသူတွေကို ဖမ်းဆီးမှာမဟုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေကို ပေးပြီး သက်ဆိုင်ရာဌာနတွေက စီမံ ကိုင်တွယ်သွားမယ်လို့လည်း ရေတပ်ဦးစီးချုပ်က ပြောပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="94981,94982,94983,94984"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up