သပိတ်မှောက်ကျောင်းသားများကို ရဲအင်အားရာချီ ပိတ်ဆို့
DVB
·
March 2, 2015
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေ ဒနေ့မနက် စတင်ထွက်ခွာဖို့ပြင်ဆင်နေတဲ့ လက်ပံတန်း အောင်မြင်ဗိမာန် ကျောင်းတိုက်ကို ရဲကား ၇ စီး ရေကား ၂ စီးနဲ့ အခုလက်ရှိ ပိတ်ဆို့ဝိုင်းရံထားလိုက်ပါပြီ။ (မနက် ၈း၄၅ နာရီ)
ကျောင်းသားတွေက ဘုန်းကြီးကျောင်းဝင်းထဲကနေ သပိတ်မှောက်ပြင်ဆင်နေပြီး ကျောင်းရှေ့ကနေ ၁၀ မိနစ်အတွင်း ဖယ်ပေးဖို့ ရဲတွေကို အချိန်ပေးထားပါတယ်။
မနက် ၉ နာရီထိုးခါနီးလောက်မှာတော့ ရဲမေတွေအပါအ၀င် ရဲကားတွေ ထပ်မံရောက်ရှိလာပြီး ရဲအင်အားရာချီရှိနေကာ ဘုန်းကြီးကျောင်း အတွင်းမှာတော့ ကျောင်းသားအင်အား ၂၀၀ လောက်ရှိနေပါတယ်။
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်
[gallery ids="83853,83854,83855,83856,83857,83858"]