Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးရန် အဆင်သင့်မဖြစ်ဟု ကေအန်ယူပြော
နော်နိုရင်း
·
February 10, 2015
သမ္မတဦးသိန်းစိန်ပန်ကြားတဲ့  ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ကြေညာပါ တယ်။ ဒီလ ၃ ရက်နေ့က နေ ၇ ရက်နေ့ထိ ကျင်းပတဲ့ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ဆုံးဖြတ်ခဲ့ကြ တာဖြစ်ပါတယ်။ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့ တစ်ဆို့နေတဲ့ အဓိက အချက် ၄ ချက်ရှိနေပြီး ဆွေးနွေးကြရ ဦးမယ်လို့ ကေအန်ယူ အတွင်းရေးမှူး ၂ ပဒိုမန်းမန်းက ပြောပါတယ်။ “တစ်ဆို့နေတဲ့အပိုင်းကတော့ ၄ ပိုင်းလို့ ကျနော်ပြောချင်တယ်။ ပထမအပိုင်း က အခြေခံမူနဲ့ ပတ်သက်တဲ့ အပိုင်းပေါ့၊ အခြေခံမူပေါ်မှာတော့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ဆောက်ရေးဆိုတဲ့ အခြေခံမူအချက်ရယ်၊ ဒုတိယက လမ်းပြမြေပုံနဲ့ပတ်သက်ပြီးတော့ ဒီလုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး (တပ်များကို တလုံး တစည်းတည်းပေါင်းစည်းရေး) ဆိုတဲ့ အချက်လည် ကျနော်တို့ ညှိဖို့ လိုသေးတယ်”လို့ သူက ပြောပါတယ်။ KNU statement 09022015“တတိယကတော့ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်နေရာချထားရေးနဲ့ အပစ်ခတ်ရပ်ဆိုင်းရေး ဆိုင်ရာ ကျင့်ဝတ် ဒါတွေလည်းပဲ သဘောတူညီမှု မရသေးဘူး။ စတုတ္ထအချက်ကတော့ ကြားကာလ အခြေအနေပေါ့နော်။ ကြားကာလဆိုတာက ကျနော်တို့ လက်ရှိ အပစ်ခတ်ရပ်စဲရေး ကနေပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲ ကာလအထိမှာ ဆောင်ရွက်ရမယ့်၊ ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး၊ တရားရေး ဆိုင်ရာကိစ္စတွေ၊ ဌာနဆိုင်ရာကိစ္စတွေကို အသိ အမှတ်ပြုဖို့ဆိုတဲ့ ကိစ္စတွေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အချက် အလက်တွေက ဆက်လက်ညှိနဖို့ လိုအပ်နေပါသေးတယ်။”  လို့ ပဒိုမန်းမန်းက ပြောပါတယ်။ ဒါ့အပြင် ကေအန်ယူအနေနဲ့ ပြည်ထောင်စုနေ့မှာ ကိုယ်စားလှယ် စေလွှတ်မှာဖြစ်သလို ဒီနေ့မှာအစိုးရဖက်က တစုံတရာထုတ်ပြန်ကြေညာရင် ကေအန်ယူနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး လက်ခံနိုင်တဲ့ သဘောထား ဖြစ်ရမယ်လို့လည်း ကြေညာထားပါတယ်။ သမ္မတ ဦးသိန်းစိန်က လာမယ့်ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်ရပ် လက်မှတ် ထိုးကြဖို့ ကမ်းလှမ်း တိုက်တွန်း ထားပါတယ်။ မနှစ် အောက်တိုဘာ ၁ ရက်နေ့စွဲနဲ့ ရေဒီယို မိန့်ခွန်းမှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မှသာ နိုင်ငံရေးဆွေးနွေးပွဲတွေစနိုင်မှာဖြစ်ပြီး နိုင်ငံရေး တည်ငြိမ်မှု၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင် ကူးပြောင်းမှု တွေကို ရေရာသေချာစေမယ်လို့ သမ္မတက သတိပေးခဲ့ပါတယ်။ ဒါ့အပြင် နောက်နှစ်လအကြာ  ရေဒီယိုမိန့်ခွန်းမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူ ညီချက်ကို ခိုင်ခိုင်မာမာ ရရှိထားပြီးဖြစ်တယ်လို့ သမ္မတက ကြေညာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးနိုင်ရေးထက် မနှစ် စက်တင်ဘာလဆွေးနွေးပွဲပြီးကတည်းက တပြည်လုံး အပစ်ရပ် ဆွေးနွေးပွဲတွေ ကိုတောင် ပြန်လည်စတင်နိုင်ခြင်းမရှိသေးဘဲဖြစ်နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နှစ်ဘက်ညှိနှိုင်းရာမှာတော့ လာမယ့်ပြည်ထောင်စုနေ့ အပြီး တပတ်အတွင်း ရန်ကုန်မြို့မှာ ဆွေးနွေးပွဲတွေ  ပြန်စဖို့ သဘောတူခဲ့ကြပါတယ်။ မနေ့ကနဲ့ ဒီကနေ့မှာတော့ အစိုးရတပ်ဖွဲ့တွေနဲ့ တအာင်းပလောင်အဖွဲ့၊ ကိုးကန့်၊ ကချင်၊ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေကြသလို အစိုးရဘက်က တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် တောင်းဆိုတဲ့ ကျောင်းသားတွေကလည်း သပိတ်မှောက်ပြီး ရန်ကုန်ကို ချီတက်  နေကြပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024