Home
မြန်မာသတင်း
အစိုးရနှင့် သပိတ်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းအဖြေရှာရန်သဘောတူ
နော်နိုရင်း
·
January 27, 2015
10955443_838892242815944_8328543103119682097_n
10945977_516847405119722_2042553474_n
10945925_516847415119721_512163921_n
ပြည်ထောင်စုအစိုးရက အမျိုးသားပညာရေး သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အတားအဆီးတွေကို ဖယ်ရှားလိုက်သလို ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဘက်သဘောတူညီချက်ရရှိခဲ့ကြပါတယ်။ အစိုးရဘက်က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းသဘောတူညီမှုရတဲ့အတွက် တောင်သာမြို့အ၀င်မှာ ဖြစ်ပွားခဲ့တဲ့ တင်းမာမှုကနေ အေးချမ်းစွာဖြေရှင်းနိုင်ပြီး မြို့တွင်းကို ဆက်လက်ချီတက်ကြပါတယ်။ အမျိုးသားပညာရေးဥပဒေဆန္ဒပြ ကျောင်းသားသပိတ်စစ်ကြောင်းကို တောင်သာအ၀င် နန်းမြင့်တောင်ကြားမှာ ပိတ်ပင် တားဆီးထားတဲ့ အတားအဆီးတွေကိုလည်း ညနေ ၅ နာရီကျော်မှာ ဖယ်ရှားပေးလိုက်ပြီး ကျောင်းသားတွေကို တောင်သာမြို့ဘက်ကို ဆက်လက်ထွက်ခွာ ခွင့်ပြုခဲ့ပါတယ်။ နာရီအတန်ကြာ ပိတ်ဆို့ထားစဉ်ကာလအတွင်း ပညာရေးဝန်ကြိးဌာနက ဒုတိယ၀န်ကြီး ဒေါက်တာခိုင်မြဲ၊ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာကိုကိုမြင့်တို့ အပါအ၀င် ပညာရေး တာဝန်ရှိသူတွေက လာရောက်ပြီး သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြရာမှာ သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ အစိုးရနဲ့ ကျောင်သားတွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီချက်ရခဲ့ပုံကို သပိတ်ကျောင်းသားအဖွဲ့က ကိုပိုင်ရဲသူက “ပညာရေးဝန်ကြီးဌာနကနေပြီး ကျနော်တို့ တောင်းဆိုတဲ့ တွေ့ဆုံညှိနှိုင်းမှု လမ်းကြောင်းကို လာရောက်ကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အခါမှာ ကျနော်တို့က ဆွေးနွေးတယ်။ ဆွေးနွေးတော့ နေပြည်တော်မှာ မနက်ဖြန်နက် ၉ နာရီတွေ့ဖို့အတွက်ကို ဆုံးဖြတ်ချက်ကျတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး တောင်းဆိုတာက တောင်သာမှာရှိနေတဲ့ သပိတ်စစ်ကြောင်းက တောင်သာမြို့ထဲကို လုံခြုံစွာနဲ့ရောက်မှ ဒီဆွေးနွေးပွဲကို တက်မယ်ဆိုပြီးတော့ သဘောထားပေး လိုက်တယ်။ အဲတော့ အခုဟာက ကျနော်တို့ တောင်သာမှာရှိတဲ့ ဂိတ်တွေကို ဖွင့်ပေးလိုက်ပြီး ဆိုတော့ မနက်ဖြန် ဆွေးနွေးပွဲဖြစ်မှာပါ။” မနက်ဖြန် နေပြည်တော် ဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး မည်သည့် ဌာနန ပုဂ္ဂိုလ်တွေ ပါဝင်မလဲဆိုတာ အသေးစိတ်မသိသေးကြောင်းလည်း ကိုပိုင်ရဲသူက ပြောပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ သပိတ်မှောက်စစ်ကြောင်းဟာ တောင်သာမြို့အနီး လေးမိုင်ခန့်အလိုမှာ ရောက်ခဲ့ကြပြီလို့ သပိတ်မှောက်ကျောင်းသား ကိုမင်းမင်းဇော်က ပြောပါတယ်။ “ကျနော်တို့ဘက်က နေပြည်တော် ဆွေးနွေးပွဲသွားမယ်ဆိုရင် ဆွေးနွေးပွဲမှာ တစုံတရာ ကျေနပ်မှုရတယ်ဆိုရင်တော့ ကျနော်တို့ သပိတ်ကို ရပ်ပေးမယ်။ တကယ်လို့ တစုံတရာကျေနပ်မှု မရလို့ရှိရင် ကျနော်တို့ သပိတ် ဆက်သွားနေမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ဆွေးနွေးထားပါတယ်။” ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိမ်းနဲ့ လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌတွေ ဒီကနေ့နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြနေတာတွေနဲ့ပတ်သက်ပြီး ဥပဒေပါအချက်တွေ အပေါ်ပြင်ဆင်သင့် တဲ့ အချက်တွေကိုရှင်းလင်းတင်ပြခဲ့ပြီး ကျန်သူတွေက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက်ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေက ဗဟိုချုပ်ကိုင်မှုလျော့ချရေး၊ ပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲရေးအပါအ၀င် အချက် ၁၁ ချက်ပါ တောင်းဆိုချက်ကို တောင်းဆိုထားကြပြီး မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းက စစ်ကြောင်းတွေဟာ ရန်ကုန်မှာ ပေါင်းစည်းဖို့ စီစဉ်လုပ်ဆောင်နေကြပါတယ်။
[gallery ids="78966,78967,78968"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024