မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် သမ္မတ ဦးသိန်းစိန် ဘန်ကောက်ရောက်ရှိ
DVB
·
December 19, 2014
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီကနေ့ရောက်ရှိနေပါတယ်။
အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသဖြစ်ရေး ဦးတည်ဆွေးနွေးမယ့် မဲခေါင်ထိပ်သီးအစည်းအဝေးမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ ၆ နိုင်ငံက နိုင်ငံ ခေါင်းဆောင်အဆင့်နဲ့ ၀န်ကြီးအဆင့် ပုဂ္ဂိုလ်တွေက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွေကျင်းပပြီး ဆွေးနွေးနေကြတာပါ။
ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၀ ရက်ထိ ၂ ရက်ကြာ ဒီဆွေးနွေးပွဲအတွင်း မဲခေါင်ဒေသတွင်း နိုင်ငံတွေအတွက် ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၂၀၀ ကျော် အတည်ပြုဖို့ရှိနေ တာဖြစ်ပါတယ်။