Home
မြန်မာသတင်း
ပုလောတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ
DVB
·
June 15, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ ပဝတ်ကုန်းရွာကြားကို စစ်ကောင်စီဘက်က ဇွန် ၁၄ ရက်မှာလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းက မနက် ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “တိုက်ပွဲမရှိဘဲနဲ့ တနေကုန် နားလိုက်၊ ပစ်လိုက် လုပ်နေတယ်။ လက်နက်ကြီးက ပဝတ်ကုန်းစခတွေနေတဲ့ စခန်းနားပတ်ပတ်လည်ပဲ ကျတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် မင်းထိန်ကျေးရွာရှိ ကားလမ်းမနဲ့ နီးတဲ့ ဒေသခံတချို့ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“စကစတွေက ပြည်သူထိတာလည်း ပစ်တယ်၊ ပြည်သူသေတာလည်း ထပ်ပစ်တယ်။ မပစ်နဲ့လို့ ပြောလို့လည်း မရတာလေ။ စစ်ကောင်စီက ဒီလိုမျိုး ရမ်းသန်းပစ်နေရင် ပြည်သူတွေ ထိတာ သေတာပဲ များတော့ လုံခြုံတဲ့နေရာမှာပဲ တိမ်းရှောင်နေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပဝတ်ကုန်းကျေးရွာမှာ ရွာသားတွေမရှိပေမဲ့ မင်းထိန်ကျေးရွာဟာ တခြား အနီးနားဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်တဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နဲ့ ၇ ရက်နေ့က ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024