Home
ဆောင်းပါး
တောမီးတွေကြောင့် ရာသီဥတုဖောက်ပြန်မှုပေါ် အကျိုးသက်ရောက်မှုများ
DVB
·
June 8, 2023

မြောက်အမေရိက၊ ဥရောပနဲ့ ဆိုက်ဘေးရီးယားတို့မှာ အခုနှစ်အတွင်း ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုတွေဟာ ဒေသတွင်း ပျက်စီးစေရုံသာမက မီးခိုးငွေ့တွေ ပါသွားကာ မြစ်အောက်ပိုင်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ တောမီးတွေဟာ သူတို့ရဲ့မီးတောက်တွေကို ကြာရှည်ခံစေတဲ့ အရေးကြီးနည်းလမ်းတွေနဲ့ ရာသီဥတုကိုလည်း ဖောက်ပြန်ထိခိုက်စေပါတယ်။

တောမီးတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ တခြား ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ထုတ်လွှတ်ကာ အနာဂတ်ကမ္ဘာကို လွန်စွာပူနွေးစေမှာ ဖြစ်ပါတယ်။ တောမီးတွေဟာ လေထုထဲက CO2 ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ဖယ်ရှားပေးမယ့် သစ်တောတွေကို ပျက်စီးစေပြီး ပူနွေးမှုနဲ့ အေးခဲမှုအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုတွေနဲ့ လေထုထဲကို ပြာတွေ ရောက်ရှိစေပါတယ်။

သေချာတာကတော့ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းဟာ ရုပ်ကြွင်းလောင်စာတွေကို အလွန်အကျူး လောင်ကျွမ်းအသုံးပြုခြင်းကြောင့်ဖြစ်ပြီး ဒီပူနွေးမှုဟာ သစ်တောတွေကို ခြောက်သွေ့စေပြီး တောမီးရာသီကို ကြာရှည်စေပါတယ်။

အရေအတွက် အတိအကျ တွက်ရခက်ပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တောမီးတွေဟာ တနှစ်ကို CO2 တန်ချိန် ၈ ဘီလီယံလောက် ထုတ်လွှတ်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ CO2 ဓာတ်ငွေ့စုစုပေါင်း ၃၂ ဒသမ ၅ ဘီလီယံတန်ချိန်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ CO2 ထုတ်လုပ်မှု စုစုပေါင်းကို တွက်ချက်တဲ့အခါ သိပ္ပံပညာရှင်တွေက တောမီးတွေကထွက်တဲ့ CO2 အားလုံးကို အသားတင်ထုတ်လွှတ်မှုအဖြစ် ထည့်သွင်း မတွက်ချက်ထားပေမဲ့ တောမီးတွေဟာ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ CO2 ထုတ်လွှတ်မှုရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

လူသားတွေ ရုပ်ကြွင်းလောင်စာတွေကို မီးရှို့လောင်ကျွမ်းစေပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်း မစမီ ကြာမြင့်စွာကတည်းက တောမီးလောင်ကျွမ်းမှုတွေက အမြဲရှိခဲ့တာပါ။ ဒီလို ကြာရှည် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာလည်း ကမ္ဘာဂြိုဟ်ရဲ့ သဘာဝကာဗွန်စက်ဝန်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မီးငြှိမ်းသတ်တဲ့ အလေ့အထတွေ အပါအဝင် လူသားတွေရဲ့ လုပ်ဆောင်မှုတွေဟာ ပိုမိုကြီးမားပြီး ပြင်းထန်တဲ့မီးတွေကို ဖြစ်ပေါ်စေကာ သူတို့ရဲ့ ထုတ်လွှတ်မှုဟာလည်း ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုကြီးမားတဲ့ ပံ့ပိုးကူညီမှုတခု ဖြစ်လာခဲ့ပါတယ်။

ပြင်းထန်တဲ့တောမီးဟာ အချိန်တိုအတွင်း CO2 အမြောက်အမြား ထုတ်လွှတ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်ပညာရှင်တွေက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ဝိုင်နိုင်ငံ မီးလောင်ကျွမ်းခဲ့ရာ ကယ်လီဖိုးနီးယားရှိ ကားတွေနဲ့ ထရပ်ကားတွေအားလုံး တနှစ်ပတ်လုံးထုတ်လွှတ်တဲ့ တပတ်အတွင်း CO2 ပမာဏခန့် ထုတ်လွှတ်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

NOAA အဖွဲ့အစည်းရဲ့သိပ္ပံပညာရှင် ပီတာတန်စ်က ဧက ၅၀၀,၀၀၀ ( ၅ သိန်း) ကို ဖျက်ဆီးပစ်နိုင်တဲ့ အလွန်ကြီးမားပြီး အလွန်ပူပြင်းတဲ့ မီးလောင်ကျွမ်းမှုတခုဟာ တနှစ်အတွင်း ကြီးမားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ခြောက်ရုံကဲ့သို့ CO2 စုစုပေါင်းပမာဏကို ထုတ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။

တချို့ဒေသတွေမှာ မီးလောင်ကျွမ်းမှု ပိုမိုဆိုးရွားလာပေမဲ့ ကမ္ဘာတဝန်းလုံးရှိ တောမီးလောင်ကျွမ်းမှု ဧရိယာနဲ့ တောမီးတွေက ထုတ်လွှတ်မှု စုစုပေါင်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အမှန်တကယ် လျော့နည်းသွားခဲ့တယ်လို့ Global Fire Emissions Database အတွက် အချက်အလက် ခွဲခြမ်းစိတ်ဖြာသူ ဒတ်ချ်သုတေသီ ဂူဒိုဗန်ဒါဝှဖ်က ပြောကြားခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကျဆင်းရခြင်းဟာ အပူပိုင်းဒေသရှိ ဆာဗားနားနှင့် မိုးသစ်တောတွေက မီးလောင်ကျွမ်းမှုနည်းတဲ့ စိုက်ပျိုးမြေတွေအဖြစ် ပြောင်းလဲသွားတာကြောင့် ဖြစ်ပါတယ်။

“ကမ္ဘာကြီးပူနွေးလာမှုကြောင့် အရင်ကထက် ပိုမိုများပြားတဲ့ မီးလောင်ကျွမ်းမှုအဆင့်ကို စတင်တွေ့မြင်ရမယ်ဆိုရင် ဒါဟာ ရာသီဥတုတုံ့ပြန်မှုကွင်းဆက်ရဲ့ တစိတ်တပိုင်းပဲ” လို့ ဗန်ဒါဝှဖ်က ပြောပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးပူနွေးမှုဟာ တောမီးတွေကို ပိုမိုဖြစ်ပေါ်စေပြီး တောမီးတွေကြောင့် ကမ္ဘာကြီးပိုမိုပူနွေးမှုကို ဖြစ်စေတာပါ။

တောမီးတွေဟာ CO2 ထုတ်လွှတ်မှုအပြင် ရာသီဥတုကို အခြားသော အရေးကြီးတဲ့ နည်းလမ်းတွေနဲ့ ထိခိုက်စေနိုင်ပါတယ်။

တောမီးဟာ သစ်ပင်တွေနဲ့ ချုံပုတ်တွေကို လောင်ကျွမ်းစေရုံသာမက မီးခိုးတွေကိုလည်း ထုတ်လွှတ်ပါတယ်။ မြေပြင်ပေါ်မှာ ကြာရှည်စွာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီး ဒီပြောင်းလဲမှုတွေဟာလည်း ရာသီဥတုအပေါ် သက်ရောက်မှုရှိပါတယ်။

မီးလောင်မှုကြီးတခု ဖြစ်ပွားပြီးနောက် ဆယ်စုနှစ်များစွာကြာ ကာလအတွင်း မီးကျွမ်းသစ်သားတွေက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေဟာ  တောမီးကိုယ်တိုင်ထုတ်လွှတ်တဲ့ တိုက်ရိုက်ထုတ်လွှတ်မှုထက် ကျော်လွန်သွားလေ့ရှိပါတယ်။ တချိန်တည်းမှာပဲ မီးလောင်ထားတဲ့ နေရာတွေမှာ သစ်‌ပင်ကြီးထွားမှုအသစ်တွေက လေထုထဲက CO2 ကို တဖန်ပြန်လည်ရယူပြီး စုပ်ယူပေးမှု စတင်လာပါတယ်။

သစ်ပင်သစ်တွေ လျှင်မြန်စွာ ကြီးထွားလာတဲ့အခါမှာ သူတို့က ကာဗွန်အမြောက်အမြားကို လျင်မြန်စွာ ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က သုတေသနပြုချက်အချို့က ကမ္ဘာကြီးပူနွေးလာမှုဟာ ကိုလိုရာဒို၏ အရှေ့ဘက်တန်းတလျှောက်နဲ့ ဆီယာရာနီဗာဒါး သစ်တောတွေ အပါအဝင် တောမီးလောင်ကျွမ်းပြီးနောက် သစ်တော‌တွေ ပြန်လည်ကြီးထွားမှုကို ဟန့်တားနေတယ်လို့ အကြံပြုထားပါတယ်။

ဒီလိုအကျိုးသက်ရောက်မှုတွေဟာ ဆယ်စုနှစ်ကြာတဲ့အထိ ကျယ်ပြန့်တဲ့ လမ်းကြောင်းတခု အဖြစ် ပေါ်ထွက်မယ်ဆိုရင် လေထုဲက CO2 ကို စုပ်ယူနိုင်တဲ့ သစ်တောတွေ နည်းပါးလာမှာ ဖြစ်ပါတယ်။ သစ်တောတွေဟာ လူ‌တွေရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၃၀ ရာခိုင်နှုန်းအထိ စုပ်ယူနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကြီးမားတဲ့ မီးလောင်ကျွမ်းမှုတွေ တိုးလာတာဟာ တောမီး ကာဗွန်စက်ဝန်းကို ပြောင်းလဲစေနိုင်တယ်လို့ ဥရောပ အလယ်အလတ် ရာသီဥတု ဗဟိုဌာနက အကြီးတန်း သိပ္ပံပညာရှင်  မက်ခ် ပရင်းတန်က ပြောကြားခဲ့ပါတယ်။

တောမီးတွေဟာ CO2 နဲ့အတူ အနက်ရောင်ကာဗွန်နဲ့ အိုဇုန်းဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့‌တွေ အပါအဝင် aerosols လို့ခေါ်တဲ့ အော်ဂဲနစ်အမှုန်အမွှားများစွာကို ထုတ်လွှတ်ပေးပါတယ်။

ယေဘုယျအားဖြင့် ဒီအမှုန်တွေဟာ အထက်လေထုထဲကို တိုက်ရိုက်ထိုးသွင်းမှု megafire တွေ တိုးလာမယ်ဆိုရင် ရက်သတ္တပတ်တွေ ဒါမှမဟုတ် လတွေအထိ ကြာပြီး‌နောက် ရာသီဥတု အေးစေသည့် အကျိုးသက်ရောက်မှုကို ပိုဖြစ်စေနိုင်တယ်လို့ ပရင်းတန်က ဆိုပါတယ်။

မီးလောင်ထားတဲ့ အပင်ငယ်တွေရဲ့ အကြွင်းအကျန်တွေဟာ တောင်ရေခဲမြစ်‌တွေ အထူးသဖြင့် အာတိတ်ရှိ နှင်းတွေနဲ့ ရေခဲတွေပေါ် ကျရောက်တဲ့အခါ ရေခဲနဲ့ နှင်းတွေ မည်းမှောင်ကာ အရည်ပျော်မှုကို အရှိန်မြန်စေခဲ့ပါတယ်။ တောမီးညစ်ညမ်းမှုဟာ ၂၀၁၂ ခုနှစ်မှာ ဂရင်းလန်း ရေခဲလွှာရဲ့ မျက်နှာပြင်အရည်ပျော်မှုမှာ အရေးပါတဲ့ အချက်တချက် ဖြစ်တယ်လို့ ရာသီဥတု သိပ္ပံပညာရှင် ဂျေဆန်ဘောက်စ်က ပြောပါတယ်။

တောမီး‌လောင်ကျွမ်းချိန် ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြစ်ပေါ်လာပုံကို နားလည်တာဟာ သူတို့တွေရဲ့ အကျိုးသက်ရောက်မှုကို လျှော့ချဖို့ လျော့ပါးသက်သာစေရေး မဟာဗျူဟာတွေ ရေးဆွဲရာမှာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ တွဲဖက်သိပ္ပံပညာရှင် ခရစ်စတင် ဝိုင်ဒင်မာက ဆိုပါတယ်။

ဥပမာအနေနဲ့ မကြာသေးခင်က Cooperative Institute for Research In Environmental Sciences CIRES ရဲ့ သုတေသနပရောဂျက်တခုမှာ ပိုမိုပူပြင်းပြီး ထိန်းချုပ်မရတဲ့ မီးတွေဟာ အန္တရာယ်ရှိတဲ့ အရာတွေကို ပိုမိုထုတ်လုပ်နိုင်တယ်လို့ အကြံပြုထားပြီးနောက်  ယေဘုယျအားဖြင့် ထိန်းချုပ်နိုင်ပြီး သိပ်မပူတဲ့မီးတွေကို မိတ်ဆက်ခြင်းနဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ပါတယ်။

CO2 ထုတ်လွှတ်မှုရဲ့ အကောင်းဆုံး ခန့်မှန်းချက်တွေကို အခြေခံပြီး တောမီးတွေကြောင့် ထွက်ပေါ်လာတဲ့ CO2 ပမာဏဟာ ကျောက်မီးသွေး၊ ရေနံနှင့် ဓာတ်ငွေ့တွေ လောင်ကျွမ်းခြင်းက ထုတ်လွှတ်တာထက် နည်းပါးတဲ့အတွက်ဒီ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျှော့ချဖို့ အဓိကထား လုပ်ဆောင်သင့်တယ်လို့ ဒန်နင်းက ဆိုပါတယ်။

အလွန်ခိုင်မာတဲ့ ရာသီဥတုမူဝါဒမရှိရင် စက်မှုကဏ္ဍက ထုတ်လွှတ်မှုဟာ ဒီရာစုနှစ်မှာ သုံးဆတိုးလာဖို့ အလားအလာ ရှိပါတယ်လို့လည်း သူက ဆိုထားပါတယ်။

လီလီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024