Home
မြန်မာသတင်း
ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က “တော်လှန်ပုန်ကန် ဒရုန်းဝဲပျံ” ကမ်ပိန်းပြုလုပ်
DVB
·
May 30, 2023

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု ဖြစ်တဲ့ KBDF က “တော်လှန်ပုန်ကန် ဒရုန်းဝဲပျံ” သိန်း ၂၀၀ ရန်ပုံငွေရှာဖွေရေး အစီအစဉ်တခုကို မေ ၂၇ ရက်ကစပြီး ပြုလုပ်နေပါတယ်။

ကမ်ပိန်းကာလ ကြာချိန်မှာ တလခွဲဖြစ်ပြီး ဒရုန်းဝယ်ယူနိုင်ရေးအတွက် ငွေကျပ်သိန်း ၂၀၀ ရရှိအောင် ရန်ပုံငွေရှာဖွေမှာ ဖြစ်ပါတယ်။

စစ်ဆင်ရေးတွေမှာ မြေပြင်တပ်ဖွဲ့တွေကို ပစ်ကူပေးနိုင်ဖို့နဲ့ စခန်းလုံခြုံရေး အထောက်အကူ ပြုနိုင်ဖို့အပြင် ပစ်မှတ်တိကျတဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဒရုန်းဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်တယ်လို့ KBDF ရဲဘော်တဦးက ပြောပါတယ်။

အခုပြုလုပ်တဲ့ကမ်ပိန်းဟာ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ KBDF ရဲ့ ပထမဆုံးပြုလုပ်တဲ့ ရန်ပုံငွေရှာဖွေရေး အစီအစဉ် ဖြစ်တယ်လို့ သိရပါတယ်။

ကမ်ပိန်းမှာ ပါဝင်ကူညီလိုသူတွေအနေနဲ့ KBDF ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တိုက်ရိုက် ဆက်သွယ်ကူညီနိုင်တယ်လို့ KBDF အဖွဲ့က ပြောပါတယ်။

ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကာ သက်တမ်းအားဖြင့် ၂ နှစ်နီးပါး ကြာမြင့်ပြီဖြစ်ပြီး အမှတ် ၃ စစ်ဒေသ ထားဝယ်ခရိုင် ရေဖြူ ပကဖရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024