Sunday, June 11, 2023
HomeLead Storyရုရှားဒုံးကျည် ၁၀ စင်းနှင့် ဒရုန်းအစင်း ၂၀ ကျော်ကို ယူကရိန်းပစ်ချ

ရုရှားဒုံးကျည် ၁၀ စင်းနှင့် ဒရုန်းအစင်း ၂၀ ကျော်ကို ယူကရိန်းပစ်ချ

ယူကရိန်းမြို့တော် ကိယက်ဗ်၊ နီးပရိုမြို့နဲ့ အရှေ့ပိုင်းဒေသတွေကို ညလုံးပေါက်တိုက်ပွဲတွေမှာ ရုရှားကပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၁၀ စင်းနဲ့ ဒရုန်းအစင်း ၂၀ ကျော်ကို ယူကရိန်းက ပစ်ချခဲ့ကြောင်း ယူကရိန်းအရာရှိတွေက မေ ၂၆ ရက်မှာ ပြောပါတယ်။

မေ ၂၅ ရက် ည ၁၀ နာရီလောက်ကနေ ၂၆ ရက် မနက် ၅ နာရီအထိ တိုက်ခိုက်မှုအတွင်း စုစုပေါင်း ဒုံးကျည် ၁၇ စင်းနဲ့ ဒရုန်း ၃၁ စင်းတို့ကို ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားပါတယ်။

အဲဒီထဲက ကက်စပီယံ ပင်လယ်ပြင်ကနေ ပစ်ခတ်တဲ့ ဒုံးကျည် ၁၀ စင်း၊ အီရန်လုပ် ရှာဟဒ် ဒရုန်း ၂၃ စင်းနဲ့ ကင်းထောက်ဒရုန်း ၂ စင်းတို့ကို ယူကရိန်းလေတပ်က ပစ်ချခဲ့ပါတယ်။

ခါကိဗ်နဲ့ နီးပရို ပက်ထရို့ဗ်စ်ခ် ဒေသတွေရှိ ပစ်မှတ်တွေကို ဒရုန်းနဲ့ ဒုံးကျည် အများအပြား ထိမှန်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ လူသေဆုံးမှုနဲ့ပတ်သက်လို့ ချက်ခြင်း မပြောဆိုထားပါဘူး။

ရှော့ပင်းမောလ်တခုရဲ့ ခေါင်မိုး၊ ကိုယ်ပိုင်အိမ်တလုံးနဲ့ မော်တော်ကားအများအပြား ပျက်စီးခဲ့ကြောင်း ကိယက်ဗ် တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားဟာ အခုလအတွင်း ယူကရိန်းအပေါ် ဒုံးကျည်နဲ့ မောင်းသူမဲ့လေယာဉ်တွေကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး ယူကရိန်း တန်ပြန်ထိုးစစ် မတိုင်ခင်မှာ အဓိကအားဖြင့် ထောက်ပံ့ပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular