Sunday, June 11, 2023
HomeLead Storyအတ္တလန္တိတ် ဟာရီကိန်းရာသီတွင် ဟာရီကိန်းမုန်တိုင်းပေါင်း ၉ ခုအထိ ရှိလာနိုင်

အတ္တလန္တိတ် ဟာရီကိန်းရာသီတွင် ဟာရီကိန်းမုန်တိုင်းပေါင်း ၉ ခုအထိ ရှိလာနိုင်

၂၀၂၃ ခုနှစ်အတွက် အတ္တလန္တိတ် ဟာရီကိန်းရာသီမှာ ပျမ်းမျှအားဖြင့် ဟာရီကိန်း မုန်တိုင်းပေါင်း ၉ ခုအထိ ရှိလာနိုင်တယ်လို့ အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေး အေဂျင်စီ (NOAA) က မေ ၂၅ ရက်မှာ ပြောပါတယ်။

NOAA ရဲ့ မိုးလေဝသခန့်မှန်းသူတွေက ဇွန် ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ ရာသီအတွင်း မုန်တိုင်းပေါင်း ၁၂ ခုကနေ ၁၇ ခုအထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲ့ဒီထဲက မုန်တိုင်း ၅ ခုကနေ ၉ ခုဟာ ဟာရီကိန်းအဖြစ် ကြီးထွားလာနိုင်သလို နောက်ထပ် ၁ ခုကနေ ၄ ခုကလည်း အကြီးစား ဟာရီကိန်းမုန်တိုင်းအဖြစ် အသွင်းပြောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီအပူပိုင်းမုန်တိုင်းတွေရဲ့ လေတိုက်နှုန်းဟာ တနာရီကို အနည်းဆုံး ၃၉ မိုင်အထိ ရှိနိုင်ပြီး ဟာရီကိန်းအဆင့်မှာဆိုရင် တနာရီကို ၇၄ မိုင်နဲ့ အကြီးစား ဟာရီကိန်းမုန်တိုင်းဆိုရင်တော့ တနာရီကို အနည်းဆုံး ၁၁၁ မိုင်အထိ ပြင်းထန်နိုင်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ပုံမှန်ဟာရီကိန်းရာသီ ဖြစ်နိုင်ခြေက ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ပျမ်းမျှအထက် ဒါမှမဟုတ် ပျမ်းမျှအောက် ရာသီတခုစီရဲ့ ဖြစ်နိုင်ချေက ၃၀ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း NOAA ရဲ့ စီမံခန့်ခွဲရေးမှူးဖြစ်သူ ရစ်ခ် စပင်းရတ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

အယ်လ်နီညိုရာသီဥတု ဖြစ်နိုင်ချေကြောင့် အတ္တလန္တိတ်သမုဒ္ဒရာရဲ့  မျက်နှာပြင် ပူနွေးလာမှုနဲ့အတူ အင်အား ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular