Sunday, June 11, 2023
HomeLead Storyရုရှားကြေးစားစစ်တပ်နှင့် ယူကရိန်း သုံ့ပန်းလဲလှယ်

ရုရှားကြေးစားစစ်တပ်နှင့် ယူကရိန်း သုံ့ပန်းလဲလှယ်

ရုရှားနိုင်ငံရဲ့ ဝဂ္ဂနာကြေးစားစစ်တပ်ဟာ မေ ၂၅ ရက်က ယူကရိန်းနဲ့ စစ်သုံ့ပန်းတွေ လဲလှယ်ခဲ့ပြီး ယူကရိန်းနိုင်ငံကလည်း သူတို့ဖမ်းဆီးထားတဲ့ စစ်သား ၁၀၆ ဦးကို ရုရှားနဲ့ အကျဉ်းသားလဲလှယ်မှုမှာ လွှတ်ပေးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ဦးစီးအရာရှိက ပြောပါတယ်။

သူတို့ထဲမှာ ဝဂ္ဂနာအဖွဲ့က တိုက်ခိုက်ရေးသမားတွေ၊ ရော့စ်ဂ်ဗာဒီယာမှ အရာရှိတွေနဲ့ အာ့ခ်မတ်ထ်ယူနစ်မှ တိုက်ခိုက်ရေးသမား ၁ ဦးတို့ ပါဝင်ပါတယ်။

အရာရှိ ၈ ဦး အပါအဝင် ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အရှေ့ဘက်ရှိ ဘတ်ခ်မွတ်မြို့ပျက်မှာ တိုက်ပွဲတွေ ဖြစ်နေချိန်အတွင်း ဖမ်းမိခဲ့တာပါ။

ဝဂ္ဂနာအဖွဲ့ကို တည်ထောင်သူ ယက်ဗ်‌ဂျေညီပရီဂေါ့ရှင်က ပြန်ရောက်လာကြတဲ့ ရုရှားစစ်သားတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဘတ်ခ်မွတ်ကို  ရုရှားက သိမ်းပိုက်ထားတယ် ဆိုပေမဲ့ သူတို့မှာ ခြေကုပ်စခန်းလေးတခု ကျန်နေသေးတယ်လို့ ကိယက်ဗ်တပ်ဖွဲ့တွေက ပြောပါတယ်။

ဘတ်ခ်မွတ်မြို့ကို ရုရှားရဲ့ လနဲ့ချီကြာမြင့်တဲ့ ထိုးစစ်ဆင်မှုမှာ ဝဂ္ဂနာအဖွဲ့က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကို နှစ်ဖက်စလုံးက “အသားကြိတ်စက်” နဲ့ ခိုင်းနှိုင်းထားကြပါတယ်။

ရုရှားရဲ့ ဝဂ္ဂနာ ပုဂ္ဂလိက ကြေးစားတပ်ဖွဲ့ဟာ မေ ၂၅ ရက်က တိုက်ခိုက်ရေးသမားတွေ လဲလှယ်မှုမှာ ပါဝင်ခဲ့ကြောင်း ရုရှားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ တာရှာနာ မော့စ်ကာလ်ကိုဗာက အတည်ပြုခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။

ရုရှားဟာ သူ့ရဲ့အိမ်နီးချင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ  အပြည့်အဝ ကျူးကျော် ဝင်ရောက်ခဲ့ပါတယ်။

အရပ်သား ၁၃၉ ဦး အပါအဝင် ယူကရိန်းနိုင်ငံသား ၂,၄၃၀ ဟာ အကျဉ်းသားလဲလှယ်မှုမှာ လွတ်မြောက်လာခဲ့ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular