Home
မြန်မာသတင်း
နွားထိုးကြီးတွင် ပစ်သတ်ခံရထားသည့် အမျိုးသား ၂ ဦးအလောင်းတွေ့ရှိ
DVB
·
May 26, 2023
349609619_220215790767041_7555110509208180171_n

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ မေ ၂၄ ရက်မနက်က သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားရုပ် အလောင်း ၂ လောင်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထနှောင်းပင်လဲ ကျေးရွာအနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး သေနတ်နဲ့ တေ့ပစ်ခံထားရတဲ့ အမည်မသိ အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရှိခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

"မနက် ၇ နာရီလောက် ထနောင်းပင်လဲ ရွာနားမှာတွေ့တာ။ အမျိုးသား အလောင်း ၂ လောင်း။  ရိုက်နှက် နှိပ်စက်ထားပြီးမှ ခေါင်းကို သေနတ်နဲ့ တေ့ပစ်ထားတာ။ ကောင်လေးတွေက အသက် ၂၀ ဝန်းကျင်လေးတွေ။ ဘယ်သူလဲဆိုတာ မသိရသလို ဘယ်အဖွဲ့အစည်းက စွန့်ပစ်သွားလဲဆိုတာ မသိရဘူး။"

မြင်းခြံခရိုင်အတွင်းက  ကျေးရွာတွေမှာ ဒီရက်ပိုင်းအတွင်း ရိုက်နှက် နှိပ်စက် သတ်ဖြတ်ပြီး လာရောက်စွန့်ပစ်ထားတဲ့ အလောင်းတွေ   နေ့စဉ်နီးပါး တွေ့ရှိနေတယ်လို့ ဆိုပါတယ်။

မေ ၂၁ ရက်က မြင်းခြံခရိုင်  မြင်းခြံ -မြို့သာ ကားလမ်းဘေး ထိန်ပန်းကျေးရွာအုပ်စု ထိန်ပန်းကျေးရွာ ဆိုင်းဘုတ်အနီးမှာ လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက် သတ်ဖြတ်ထားတဲ့ အမည်မသိ အလောင်း ၁ လောင်း၊ မေ ၂၃ ရက်နေ့ကလည်း အဆိုပါရွာ ဆိုင်းဘုတ်အနီးမှာပဲ ရိုက်နှက် နှိပ်စက် သတ်ဖြတ်ထားတဲ့ အမျိုးသား အလောင်း ၁ လောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024