
ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောဖြစ်တဲ့ အမေရိကန်စစ်တပ်က USS ဂျရဒ်အာရ်ဖို့ဒ်ဟာ နော်ဝေနိုင်ငံ ကမ်းရိုးတန်းတလျှောက်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ စစ်တပ်တွေနဲ့ စစ်ရေးလေ့ကျင့်ဖို့ မေ ၂၄ ရက်မှာ ထွက်ခွာလာပြီလို့ နော်ဝေစစ်တပ်က ပြောပါတယ်။
ဒီသင်္ဘောဟာ လာမယ့်ရက်ပိုင်းအတွင်း စတင်မယ့် စစ်ရေးလေ့ကျင့်မှုအတွင်း (NATO) အတွက် အင်အားပြဖို့ပါ။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး မြောက်အမေရိကနဲ့ ဥရောပက နိုင်ငံပေါင်း ၃၁ နိုင်ငံပါဝင်တဲ့ စစ်ဘက်မဟာမိတ်တွေကတဖက် ရုရှားကတဖက် တင်းမာမှု မြင့်တက်လာချိန်မှာ ခုလို အင်အားပြတာလည်း ဖြစ်ပါတယ်။
နော်ဝေနိုင်ငံသားတွေက နဲ့ဆိုဒွန်းန် ကမ်းစပ်မှာ တန်းစီရင်း လေယာဉ်တင်သင်္ဘောက အော်စလိုဖျှိုး ရေလက်ကြားကို ဖြတ်ပြီး နော်ဝေးနိုင်ငံရဲ့ မြို့တော် အော်စလိုမှာ ကမ်းကပ်မှာ ကို စောင့်ဆိုင်းနေကြပါတယ်။
USS ဂျရဒ် အာရ် ဖို့ဒ်ဟာ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်ကို ခုတ်မောင်းမယ်လို့ နော်ဝေ မီဒီယာက သတင်းဖော်ပြခဲ့ပါတယ်။
“စစ်ရေးအဖြေလိုအပ်နေတဲ့ (အာတိတ်) မြောက်ပိုင်းမှာ မေးခွန်းတွေ မရှိသလို ပြင်ပ ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်တဲ့ အကြောင်းအရာတွေ မရှိပါ” လို့ အော်စလို မြို့မှာရှိတဲ့ ရုရှားသံရုံးက ဖေ့စ်ဘွတ် လူမှုကွန်ယက်မှာ စာတင်ပြီး ဝေဖန်ခဲ့ ပါတယ်။
နေတိုးအဖွဲ့ဝင် နော်ဝေးဟာ အာတိတ်ဒေသမှာ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မနှစ်က ရုရှားဓာတ်ငွေ့ စီးဆင်းမှု ကျဆင်းသွားပြီးနောက် ဥရောပရဲ့ အကြီးဆုံး ဓာတ်ငွေ့ တင်သွင်းသူ ဖြစ်လာခဲ့ပါတယ်။
ဘောလ်တစ် ပင်လယ်မှာရှိတဲ့ နော့ဒ်စထရင်းမ် ပိုက်လိုင်းတွေ ပေါက်ကွဲပြီးတဲ့နောက် ဆောင်းဦး ရာသီကတည်းက နော်ဝေစစ်တပ်နဲ့ နေတိုးမဟာမိတ်တွေဟာ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပလပ်ဖောင်းတွေနားမှာ ကင်းလှည့်နေခဲ့ကြပါတယ်။