Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာများကို PDF ကသိမ်းဆည်း ဖျက်ဆီး
DVB
·
May 21, 2023

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် လမ်းပိုင်းတနေရာမှာ ​ရှောင်တခင် စစ်ဆေး သိမ်းဆည်းခဲ့တဲ့ စစ်တပ်ထုတ်ကုန် Dagon အမှတ်တံဆိပ် ဘီယာဘူး ၁၀၀၀၀ ကျော်နဲ့ အရက်ပုလင်း ၈၀၀ ကို မေ ၂၀ ရက်က ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ကာကွယ်ရေး တာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ကား ၃ စီးထံကရတဲ့ ကာလတန်ဖိုး ကျပ် ၄,၂၄၈၀၀၀၀ ရှိ စစ်တပ်ထုတ်ကုန် ဘီယာ ဂျပ်ဖာပေါင်း ၅၄၀ ဖာ၊ ဘူးပေါင်း ၁၁၀၄၀ ဘူး ပုလင်းပေါင်း ၇၈၀ ပုလင်းတွေကို အများပြည်သူရှေ့မှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ကားသမားတွေကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စကစနဲ့ မိသားစုတွေ၊ သူတို့အကျိုးတူ စီးပွားဘက်ဖြစ်တဲ့ စကစဒေါက်တိုင်တွေရဲ့ ထုတ်ကုန် ပစ္စည်းတွေက အမြတ်အစွန်း၊ ငွေကြေးတွေဟာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဆိုးရွာစွာ ဖျက်ဆီးစေနိုင်တဲ့ လုပ်ရပ် ဖြစ်စေနိုင်လို့ စကစ ထုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024