Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ဝါပသဲရွာနှင့် PDF စခန်းများကို လေကြောင်းမှ ကင်းထောက်၊ လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
May 15, 2023
346474411_1016058846434678_6486509603829496020_n

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ဝါပသဲကျေးရွာနဲ့ PDF တပ်စခန်းတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေယာဉ်နဲ့ နေ့စဉ်ကင်းထောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “စစ်တပ်က မြေပြင်ကနေ ၂ ည ဆက်တိုက်တော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက်နက်ငယ်နဲ့ရော ရေးမြောက်ပိုင်းဘက်ရွာတွေဘက်ကို ပစ်ခတ်နေခဲ့တာ။ ထိခိုက်တာတော့ မရှိဘူး” လို့  ပြောပါတယ်

မေ ၇ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်တွေမှာ  ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနားက PDF စခန်းတစ်ခုနဲ့ ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ကင်းထောက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မြောက်ပိုင်းက ပြောပါတယ်။

တစ်ရက်လျှင်အနည်ဆုံး ၅ ကြိမ်ထက်မနည်း ကင်းထောက်တာတွေရှိတဲ့အပြင် ဗုံးကြဲမှာ စိုးရိမ်တဲ့အတွက် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်း စခန်းကနေ ထွက်ခွာပြီး ဖြန့်ကြက်ထားရတယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးဆုံးရှုံးသွားရသလို  PDF စခန်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024