Home
မြန်မာသတင်း
လသာ SP Bakery မုန့်ဆိုင်တွင် ဂက်စ်ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၅ ဦး ဒဏ်ရာရ
DVB
·
May 11, 2023
345656844_1200462743985306_8393959591426155913_n
345625211_196906713181117_7782622757410454027_n

ရန်ကုန်၊ လသာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမနဲ့ ၂၁ လမ်းထောင့်ရှိ SP Bakery မုန့်ဆိုင်မှာ မေလ ၁၀ ရက် မနေ့ညနေပိုင်းက ဂက်စ်ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါ SP (စံပြ)မုန့်ဆိုင်က ဆိုင်အတွင်းခန်းနဲ့ အဲယားကွန်းစနစ်တွေ ပြုပြင်နေတာကြောင့် ဆိုင်ပိတ်ထားတာလို့  သိရပြီး အဲ့ဒီညနေ ၅ နာရီခန့် အဲယားကွန်းဂက်စ် ဖြည့်တဲ့နေရာကနေ ပေါက်ကွဲခဲ့တာပါ။ 

ပေါက်ကွဲမှုကြောင့် အဲယားကွန်းဆားဗစ်နဲ့ ပန်းရန်အလုပ်သမား အသက်၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသား ၅ ဦးမှာ လက်၊ ဦးခေါင်းနဲ့ မျက်နှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက"ဂက်စ်ဖြည့်ရင်း ပေါက်ကွဲတာ၊ ၂ ဦးက ခေါင်းထိထားတယ် တဦးက လက်ချောင်းတွေ အစတွေ မှန်ထားတာ၊ အားလုံး မစိုးရိမ်ရပါ၊ ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ် "လို့ ဆိုပါတယ်။

ဂက်စ်ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ လသာမြို့နယ်ရဲစခန်းက လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး SP Bakery မုန့်ဆိုင်ကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ရန်ကုန်မြို့က မှော်ဘီ၊ တာမွေ၊ တွံတေးနဲ့ သန်လျင်မြို့နယ်တို့က အလုပ်လာလုပ်သူတွေလို့ သိရပြီး ကယ်ဆယ်ရေးအသင်းတွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024