Home
မြန်မာသတင်း
မြစ်ကြီးနားတွင် တရက်တည်း မီးလောင်မှု ၂ ကြိမ်ဖြစ်
DVB
·
May 10, 2023
345620309_1282700772339427_7401143464759334003_n
345645689_256162680147683_5657148381616758558_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နဲ့ မန်ခိန်ရပ်ကွက်မှာ မေ ၉ ရက် တရက်တည်း ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ၂ ခု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်အဆောက်အဦ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းက ပြောပါတယ်။

မနက်အစောပိုင်း ၂ နာရီလောက်က ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၃၊ မြစ်သာလမ်းရှိ အောင်ဝင်း ကုန်မာဆိုင်ရဲ့ ဂိုထောင်မှာ ပါဝါဘန့် အားသွင်းရာက အပူလွန်ကဲပြီး မီးလောင်ခဲ့တာကြောင့် ဂိုထောင်တလုံးနဲ့ နေအိမ်တလုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကို မြစ်ကြီးနားမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ ကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၂ နာရီ ၂၅ မိနစ်ခန့်မှာ မီးငြိမ်းသွားပါတယ်။

အဲဒီနေ့ညနေပိုင်း ၄ နာရီ ၃၉ မိနစ်ခန့်မှာ မြစ်ကြီးနား မန်ခိန်ရပ်ကွက်၊ နယ်မြေ ၁၊ မန်ခိန်ရွှေစက်လမ်းရှိ ၂ ထပ်အိမ်တခုမှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာပါ။

မြို့ခံပရဟိတအသင်း တာဝန်ခံတဦးက “ရမ်ပူ မြစ်သာလမ်းမှာက ကုန်ဆိုင်နဲ့ ဘေးကအိမ် လောင်တာ။ ပါဝါဘန့်ကနေ ‌လောင်တာလို့ ပြောတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ ညနေပိုင်းကျ‌တော့ ရွှေစက်လမ်းမှာ မိန်းဘုတ်ကနေ ရှော့ဖြစ်ပြီး လိုက်ကာစကို မီးစွဲသွားတာ၊ ၂ ထပ် တအိမ်လုံးပါပဲ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ၃၀×၂၀ ပေရှိ နှစ်ထပ်အိမ်တလုံး ပျက်စီးဆုံးရှုံးသွားပြီး မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သ‌‌န္ဓေတပ်ဖွဲ့ဝင် ၃၁ ဦးနဲ့ ငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၅ နာရီလောက်မှာ မီးငြိမ်း‌သွားပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အဦပိုင်ရှင်တွေကို မြစ်ကြီးနားမြို့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024