Home
မြန်မာသတင်း
မွန်အမျိုးသားကောလိပ်က သင်တန်းသားသစ်များခေါ်ယူ
DVB
·
May 9, 2023

မွန်ပြည်သစ်ပါတီ၊ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းမှာဖွင့်လှစ်ထားတဲ့ မွန်အမျိုးသားကောလိပ် (Mon National College)က  ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေပါတယ်။

သင်တန်းလျှောက်လွှာတွေကို မွန်အမျိုးသားပညာရေးဌာနတွေနဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတွေမှာ သွားရောက်ထုတ်ယူနိုင်ပြီး မွန်အမျိုးသားကောလိပ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒေါင်းလုပ်ပြုလုပ်ကာ မေ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ Social Science၊ Mass Media and Journalism၊ Leadership and Management၊ Education Teaching၊ Education Management၊ Mon Literature စတဲ့ဘာသာရပ် ၆ ခုကို သင်ကြားခဲ့ပြီး အခုနှစ်မှာ Nursing ဘာသာရပ်ကိုပါ ထည့်သွင်းသင်ကြားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်အတွက် ကျောင်းဝင်ကြေး ပထမနှစ် ကျပ် ၁၀ သိန်း၊ ဒုတိယနှစ် ၁၂ သိန်း သတ်မှတ်ထားပေမဲ့ အခုနှစ်မှာ ကုန်စျေးနှုန်းအခြေအနေကြောင့် ပထမနှစ် ၁၅ သိန်း၊ ဒုတိယနှစ် ၂၃ သိန်း ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းကတာဝန်ရှိသူက “Language တခုကို Focus လုပ်ထားတယ်။ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ အဓိကပေါ့၊ သင်တန်းကြေးကလည်း တခါတည်း သွင်းစရာမလိုဘူး။ တတ်နိုင်သလောက် ခွဲသွင်းလို့ ရပါတယ်” လို့ ပြောပါတယ်။

လျှောက်ထားသူတွေဟာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး တတ်ရောက်ခွင့်ရသူတွေဟာ ကောလိပ်မှာ ၃ နှစ် ပညာသင်ကြားရပြီး ၂ နှစ် ပြန်လည်တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။

အခုနှစ်သင်တန်းကို ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး မွန်အမျိုးသားကျောင်းအသီးသီးမှ ၁၀ တန်းအောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံခြားတက္ကသိုလ်တွေဆီ သွားရောက် ပညာသင်ကြားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024