Home
မြန်မာသတင်း
ရန်ကုန်တွင် စက်ရုံအလုပ်ရုံများ ညနေပိုင်းမီးမသုံးရန် ကန့်သတ်၊ မလိုက်နာပါက အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်
DVB
·
April 23, 2023
304906915_4783231825113455_3649935244978456775_n

ရန်ကုန်တိုင်းအတွင်းက စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ ဧပြီ ၂၃ ရက်ကနေစပြီး ညနေ ၅ နာရီကနေ မနက် ၅ နာရီအထိ လျှပ်စစ်မီးအသုံးမပြုဖို့အတွက် ရန်ကုန်လျှပ်စစ်ဌာနက ကန့်သတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူအုပ်စုအတိုင်း ရောနှောဓာတ်အားသုံးစွဲနေတဲ့ ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းနဲ့ စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ ဒီနေ့ကစပြီး ညနေ ၅ နာရီကနေ မနက် ၅ နာရီအထိ နေ့စဉ် ညပိုင်း ကန့်သတ်ချိန်အတွင်း ဌာနကဖြန့်ဖြူးတဲ့ လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း မပြုကြဖို့ ကန့်သတ်လိုက်တဲ့ကြေညာချက်ကို ထုတ်ပြန်ပါတယ်။

ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးတဲ့လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်နေတာကို မီတာပြဂဏန်းတွေ ဓာတ်ပုံရိုက် မှတ်တမ်းတင်ကာ စစ်ဆေးသွားမှာဖြစ်ပြီး ဖေါက်ဖျက် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

၂၃၀ ကေဗွီနဲ့ ၁၃၂ ကေဗွီ လောပိတမဟာဓာတ်အားလိုင်းတွေရဲ့ တာဝါတိုင်တွေ အကြိမ်ကြိမ် ဖျက်ဆီးခံရခြင်းကြောင့် ဘီလူးချောင်း (၁)၊ (၂)၊ (၃) ဓာတ်အားပေးစက်တွေက ထုတ်လုပ်ပို့လွှတ်တဲ့ ဓာတ်အားတွေ လျော့နည်းလျှက်ရှိတာကြောင့် ကန့်သတ်ရတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုနဲ့ သုံးစွဲမှုမမျှတတာကြောင့် နိုင်ငံတော်ဓာတ်အား စနစ်အတွင်း ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အရေးပေါ်ဝန်အားလျှော့ချရတာနဲ့ အလှည့်ကျ ဝန်အားလျှော့ချရတာတွေပြုလုပ်ပြီး ဓာတ်အားဖြန့်ဖြူးပေးနေရတယ်လို့ EPC ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ညနေပိုင်း လျှပ်စစ်ဓာတ်အား မသုံးစွဲဖို့ကြေညာချက်တခုကို ပြီးခဲ့တဲ့ မတ်လမှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း ကြေညာခဲ့ပါသေးပြီး အဲ့ဒီအချိန်က ရက်အကန့်အသတ်နဲ့ ဖြစ်ပေမယ့် ယခုအခါ ရက်အကန့်အသတ်မရှိဘူးလို့လည်း သိရပါတယ်။ 

PHOTO-YESC

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024