
ပီအက်စ်ဂျီအသင်းပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်း မှာဆက်ရှိဖို့ မသေချာတော့ဘူးလို့သိရပါတယ်။
မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီမှာ ဆက်ရှိဖို့အတွက် စာချုပ်သက်တမ်းတိုးမယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလ အတွင်းမှာ သဘောတူညီခဲ့ပါသေးတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ရလဒ်ဆိုးရွားနေပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ၇ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
အသင်းပရိသတ်တွေဟာလည်း ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေစတင်ပြီး မက်ဆီအပါအဝင် ကစားသမားတွေကို အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ ဖိအားပေးခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဘက်ကလည်း စူပါးစတားတွေနဲ့ ဥရောပအောင်မြင်မှုမရခဲ့တာကြောင့် ပြင်သစ်လူငယ် သွေးသစ်တွေကိုခေါ်ယူပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ စိတ်ကူးရှိနေတယ်လို့လည်း သိရပါတယ်။
မက်ဆီဘက်ကတော့ ဥရောပလိဂ်တွေမှာဆက်ကစာနိုင်မယ်လို့ ယုံကြည်နေပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။