Home
မြန်မာသတင်း
ရွှေဘိုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပြီး ၂ ဦးသေဆုံး၊ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရ
DVB
·
March 28, 2023
337896700_173947315495391_3072046923369780125_n
337839684_776975863998699_9084504947732888932_n
337692406_562279139053079_3104221307501678327_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အဝေးပြေးကားကြီးဝင်း၊ ရွှေပလောင်ဆေးရုံအနီးနဲ့ သီရိမင်္ဂလာ ၆ ရပ်ကွက်တို့မှာ မတ်လ ၂၈ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်ကစတင်ပြီး ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ကာ ကလေးတဦးနဲ့ အမျိုးသားတဦး သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ နယ်ခံပရဟိတအသင်းကနေ သိရပါတယ်။

အဝေးပြေးကားကြီးဝင်းအနီး ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှုမှာ ဒိုင်နာယာဉ်ပေါ်က ဈေးရောင်းဈေးဝယ် အရပ်သားပြည်သူ နှစ်ဦးနဲ့ ဆိုင်ကယ်နဲ့ သွားလာနေသူ ၁၈ ဦးတို့ ထိခိုက်သေဆုံးခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ကလေးတယောက်က ဆေးရုံရောက်မှ ဆုံးတယ်။ အမျိုးသားတဦးက နေရာမှာတင်ဆုံးတာ။ အခုထိလည်း ပေါက်ကွဲမှုဖြစ်တာ သုံးကြိမ်ရှိပြီ။ အခု အရင်ဆုံးပေါက်ကွဲမှုက ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်နေရတယ်။ နောက်ထပ် ပေါက်ကွဲမှု အခြေအနေကိုတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ၄ နှစ်သားကလေးတဦးနဲ့ တောင်တွင်းရွာက ကိုဝင်းဝေတို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ရွှေဘိုဆေးရုံကြီးကို ပို့ဆောင်ခဲ့ကာ အဲဒီအထဲက ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ ၆ ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး ရွှေဘိုအသင်းကနေ သိရပါတယ်။

ရွှေဘိုမြို့မှာ ဒီကနေ့မနက်ပိုင်းကနေ နေ့လယ်အထိ ဗုံးပေါက်ကွဲမှု သုံးကြိမ်ရှိပြီး ဘယ်အဖွဲ့က ဖောက်ခွဲကြောင်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Photo Myanmar Rescue Organization-Shwebo

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024