Thursday, June 8, 2023
HomeLead Storyရွှေ့ပြောင်းအခြေချသူ အယောက် ၇၅၀ ခန့်ကို အီတလီကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

ရွှေ့ပြောင်းအခြေချသူ အယောက် ၇၅၀ ခန့်ကို အီတလီကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

အီတလီနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသက သီးခြားစစ်ဆင်ရေး ၂ ခုအတွင်း ရွှေ့ပြောင်းအခြေချသူ အယောက် ၇၅၀ ဝန်းကျင်ကို ကယ်တင်နိုင်ခဲ့တယ်လို့ မတ်လ ၂၃ ရက်မှာ ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပါတယ်။

တူနီးရှားနိုင်ငံကနေ ပင်လယ်ပြင်ဖြတ်ကျော်ဖို့ ကြိုးပမ်းမှုတခုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးကာ နောက်ထပ် ၃၃ ဦး ပျောက်ဆုံးခဲ့ပြီး နာရီပိုင်းအကြာမှာမှ အခုလို ကယ်တင်နိုင်ခဲ့တာပါ။

ကလာဘရီယာဒေသရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ၁၆၇ ကီလိုမီတာအကွာမှာ ငါးဖမ်းလှေတစီးက လူပေါင်း ၂၉၅ ဦးကို ကြားဖြတ်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး စစ္စလီဒေသတောင်ပိုင်းရှိ ဆီရာကု့စ်မြို့အရှေ့ဘက် ၁၈၅ ကီလိုမီတာအကွာမှာလည်း နောက်ထပ် လူပေါင်း ၄၅၀ နီးပါးကို တခြားငါးဖမ်းသင်္ဘောတစီးက ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ဒုတိယမြောက် ငါးဖမ်းသင်္ဘောဟာ “အန္တရာယ်များလှတဲ့ လှိုင်းလေဒဏ်သင့် အခြေအနေအောက်” ကျရောက်နေတဲ့အတွက် ဥရောပသမဂ္ဂ နယ်ခြားအေဂျင်စီ ဖရော့န်တက်စ်က ကုန်တင်သင်္ဘော ၃ စီး၊ ကင်းလှည့်လှေ ၁ စီးနဲ့အတူ ဒီကယ်ဆယ်ရေးမှာ အကူအညီပေးခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က ကလာဘရီယာ ကမ်းရိုးတန်းအနီးမှာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ သင်္ဘောပျက်စီးတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၈၈ ဦးသေဆုံးကာ နောက်ထပ် ၁၀ ဦး ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း အီတလီနိုင်ငံက ပင်လယ်ပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုစိစစ်လာခဲ့ပါတယ်။

အဲဒီလှေ မနစ်မြုပ်ခင်ကတည်းက ရှာဖွေတွေ့ရှိခဲ့ပေမဲ့ လှိုင်းလေထန်နေတဲ့ ရာသီဥတုကြောင့် ရဲတပ်ဖွဲ့သင်္ဘောတွေဟာ အခင်းဖြစ်ရာကို အချိန ်မီမသွားရောက်နိုင်ခဲ့ပါဘူး။

ဒီဖြစ်ရပ်အတွက် ပရဟိတအဖွဲ့တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေက ပင်လယ်ရေ မြင့်တက်မှုကို ရင်ဆိုင်နိုင်စွမ်းရှိအောင် ပိုမိုကောင်းမွန်စွာ တပ်ဆင်ထားတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေကို အဲဒီမှာ ဘာလို့နေရာမချထားတာလဲဆိုပြီး အီတလီအစိုးရအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular