ပိုလန်လုပ်ရိုင်ဖယ်အသစ်များကို ယူကရိန်း စစ်တပ်မှာယူ

ယူကရိန်းစစ်တပ်မှ ပိုလန်လုပ်ရိုင်ဖယ်အသစ် အော်ဒါမှာယူမှုကို အတည်ပြုလိုက်ပြီး နောက်တနေ့ မတ် ၁၇ ရက်မှာ ပိုလန်သမ္မတ အန်ဒရေးဒူးဒါဟာ ရေးဒံမ်မြို့ရှိ လက်နက်စက်ရုံကို သွားရောက်ခဲ့ပါတယ်။
“ဒါက ကျနော်တို့ရဲ့ ပို့ကုန်တွေထဲကတခုဖြစ်ပြီး အနာဂတ်မှာလည်း စာချုပ်တွေကို မျှော်လင့်နေပါတယ်” လို့ ဒူးဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မော်ဂျူလာ ချေမှုန်းရေးရိုင်ဖယ် Grot သေနတ်ဟာ ရေးဒမ်စက်ရုံရဲ့ အထင်ကရ ထုတ်ကုန် တခုဖြစ်ပြီး ယူကရိန်းစစ်သားတွေက ကောင်းကောင်း အသုံးပြုနေတာပါ။
ယူကရိန်းစစ်တပ်ဟာ နောက်ထပ် Grot ရိုင်ဖယ်သေနတ်တွေကို အော်ဒါမှာယူထားတယ် ဆိုတာကို အတည်ပြုကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက မတ် ၁၆ ရက်မှာ တရားဝင် ပြောကြား ခဲ့ပါတယ်။
အရှေ့ဥရောပဒေသတွင်းရှိ အစိုးရတွေဟာ ရုရှားကို တိုက်ခိုက်နေတဲ့ ယူကရိန်းကို ကူညီဖို့ ကြိုးပမ်းမှုတွေမှာ ဦးဆောင်နေတာကြောင့် အရှေ့ဥရောပရဲ့ လက်နက်လုပ်ငန်းဟာ စစ်အေးခေတ် ကတည်းက မမြင်ဖူးသေးတဲ့နှုန်းနဲ့ သေနတ်တွေ၊ အမြောက်ကျည်တွေနဲ့ တခြားစစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေကို မြန်မြန်နဲ့များများ အရှိန်အဟုန်နဲ့ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ သူ့အိမ်နီးချင်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော် ဝင်ရောက်လာချိန်မှစပြီး မဟာမိတ်တွေဟာ ကိယက်ဗ်ကို လက်နက်နဲ့ စစ်လက်နက် ပစ္စည်းတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။