ကွန်ပနီနှင့် ပြန်ဆုံရမှာက အသက်ကြီးလာပြီဆိုသည့် ခံစားချက်ရစေဟု ဂွါဒီယိုလာအရွှန်းဖောက်

အက်ဖ်အေဖလားပြိုင်ပွဲမှာ ကွန်ပနီကို ဘန်လေအသင်းရဲ့နည်းပြချုပ်အနေနဲ့ ပြန်လည် တွေ့ဆုံရမှာက အသက်အရွယ်ကြီးလာသလိုခံစားရကြောင်း နည်းပြဂွါဒီယိုလာက အရွှန်းဖောက်ပြီး ပြောသွားပါတယ်။

မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီဟာ ချန်ပီယံရှစ်မှာဦးဆောင်နေတဲ့ ဘန်လေ အသင်းကို နည်းပြအဖြစ်တာဝန်ယူနေတာဖြစ်ပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်သွားရမှာပါ။

နည်းပြဂွါဒီယိုလာကတော့ သူ့တပည့်ဟောင်းတစ်ယောက်ကို နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်ဆုံရမယ့် အခြေအနေက အသက်ကြီးသွားသလို ခံစားချက်ရရှိစေကြောင်း ဟာသလုပ်ပြောခဲ့တာပါ။

ကွန်ပနီဟာ ထူးခြားတဲ့အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိပ်တန်းလူပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တဲ့အတွက် အလွန်ချီးကျူးစရာကောင်းကြောင်း ဂွါဒီယိုလာကပြောပါတယ်။

ဒါပေမဲ့ ပွဲစတင်တဲ့အခါမှာ တစ်ဖက်အသင်းရဲ့နည်းပြချုပ်က ကိုယ့်ရဲ့ကစားသမားဖြစ်ခဲ့သူဆိုတော့ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာပြီဆိုတဲ့ခံစားချက်ရရှိစေလို့ စိတ်ကသိကအောက်ဖြစ်ရကြောင်း၊ အသင်းသားဟောင်းနဲ့ပြန်ဆုံရတာကိုတော့ နှစ်သက်စရာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

More News
Up