ဇွန်လ ၅ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာ ထွန်းလွင်
DVB
·
June 4, 2014
ဇွန်လ ၄ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
ဇွန်လ ၅ ရက်နေ့
မြန်မာ့ပင်လယ်ပြင် အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်ပါတယ်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်၊ မွန်ကမ်းရိုးတန်းတလျှောက်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃ ပေကနေ ၅ ပေလောက်မြင့်တက်နိုင်ပါတယ်။
အပူရှိန်မြင့်တက်နိုင်မှုကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဖိုး ၁၁ အောက်ကို လျှော့နည်းနိုင်တဲ့မြို့တွေကတော့ ရန်ကုန်မြို့၊ မြိတ်မြို့နဲ့ ကော့သောင်းမြို့ တွေပဲ ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးဖြစ်တဲ့ ကော့သောင်းမြို့မှာတော့ အညွှန်းကိန်းတန်ဖိုး ၈ ဒသမ ၈ သာရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အညွှန်းကိန်း တန်ဖိုး ၁၁ ကနေ ၁၃ အထိမြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင် တာကတော့ တောင်ကြီးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ကတော့ ၁၃ လောက်ကျရောက်နိုင် ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာမိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်းအထိ သေချာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးရွာဖို့ သေချာမှုအနေနဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင် ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဇွန်လ ၅ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၇၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ဇွန်လ ၅ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။