ဂျပန် မစ်ဆူဘီရှီ ရုံးခန်း ဖွင့်ပြီ
DVB
·
April 23, 2014

ဂျပန်နိုင်ငံက နာမည်ကြီး မစ်ဆူဘီရှီ အီလက်ထရောနစ်ကော်ပိုရေးရှင်းဟာ မြန်မာ နိုင်ငံမှာ ရုံးခန်း ဖွင့်လှစ်ပြီး လာမယ့် ဧပြီ ၂၅ ရက်နေ့မှာ လုပ်ငန်း စတင် လည်ပတ်တော့မယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန် ဗဟန်းမြို့နယ် နတ်မောက်လမ်းမှာ ရုံးခန်း ဖွင့်ထားတဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းဟာ သတင်းအချက်အ လက် ကောက်ယူ တာ၊ ဈေးကွက်သုတေသန လုပ်တာ၊ ပြည်တွင်းမှာ မစ်ဆူဘီရှီ ထုတ်ကုန် ဖြန့်ဖြူးနေသူတွေကို အကူအညီပေးတာနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပံ့ပိုးတာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။