Home
မြန်မာသတင်း
ဝိုင်ဖိုင်ဇုန် ဆောက်ပြီး ၀န်ဆောင်မှု ပေးမည်
DVB
·
April 1, 2014
ရန်ကုန်တိုင်းအတွင်းမှာ အခပေး ၀ိုင်ဖိုင်ဇုန် အင်တာနက်စနစ် တည်ဆောက်ပြီး ၀န်ဆောင်မှု ပေးသွားဖို့ စီစဉ်နေတယ်လို့ မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဌာနရဲ့ အင်ဂျင်နီယာတယောက်က ပြောပါတယ်။ wifi zoneအခုလို အခပေး ၀ိုင်ဖိုင်ဇုန် တည်ဆောက်ပြီး ၀န်ဆောင်မှုပေးမယ့် လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ ပုဂ္ဂလိကကုမ္ပဏီ ၂၆ ခု လာရောက်လျှောက်ထားခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးက စိစစ်နေတယ်လို့ သူက ရှင်းပြပါတယ်။ လက်ရှိ အစိုးရက ၀န်ဆောင်မှုပေးနေတဲ့ အေဒီအက်စ်အယ်လ်လိုင်း၊ မိုဘိုင်း အင်တာနက်လိုင်းနဲ့ RedLink ကုမ္ပဏီက ၀န်ဆောင်မှုပေးနေတဲ့ ဘရော့ဘင်းလိုင်းတွေဟာ ကောလ်နက်ရှင်း မကောင်းတဲ့အတွက် သုံးစွဲသူတွေရဲ့ ဝေဖန်မှုကို ခံနေကြရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၆ သိန်းကျော်ရှိပြီး ၂ သိန်းခွဲလောက်ဟာ မိုဘိုင်းဖုန်းကနေ သုံးစွဲသူတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024