Home
သတင်းဓာတ်ပုံ
မောင်တောမြို့၌ ရခိုင်အမျိုးသားနေ့ အောင်လံများ လွှင့်ထူ (ဓာတ်ပုံ)
DVB
·
May 15, 2022
281357469_743145803374482_8062872313347845199_n
281337012_743145913374471_5989627733373440473_n
281157928_743145750041154_7495043411111275612_n
281128954_743145943374468_7274008280132551101_n

ကဆုန်လပြည့်ကျော် ၁ ရက် မေလ ၁၅ ရက်နေ့ ကျရောက်တဲ့ ၉ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ မှာ မောင်တောမြို့က ဈေးဆိုင်တွေမှာ ရခိုင်အမျိုးသားအောင်လံ လွှင့်ထူခဲ့ကြပါတယ်။

ရခိုင်အမျိုးသားအောင်လံတွေကို မောင်တောဒေသမှာ ရခိုင်လူမျိုး စျေးဆိုင်တွေသာမက မွတ်ဆလင် စျေးဆိုင်တွေမှာလည်း လွှင့်ထူလာခဲ့ကြပြီး အခုလို လွှင့်ထူတာဟာ တစိတ်တဝမ်းတည်း ရှိနေကြတာကို ပြသလိုက်ကြတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

"ဒီမောင်တောဒေသမှာ ရခိုင် နဲ့ မွတ်ဆလင် အတူတကွ ယဥ်တွဲနေထိုင်လာကြတာ ဟိုးရှေ့ခေတ်ကတည်းကပါ။ ၂၀၁၂ ခုနှစ်ကစပြီး အမျိုးမျိုးသွေးထိုးလှုံ့ဆော်မူတွေကြောင့် မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခတွေဖြစ်ခဲ့ကြတယ်။ အဲ့ဒါတွေကို လူမျိုးနှစ်မျိုးလုံးက အခုအချိန်မှာ နားလည်သဘောပေါက်လာခဲ့ကြပြီး စည်းလုံးမူတွေ ဖြစ်ပေါ်လာကြတယ်လို့ ပြောလို့ရတယ်” လို့ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကြောင့် လူမျိုးနှစ်ခု အကြား ဆက်ဆံရေး  တင်းမာခဲ့တာပါ။

အခုလက်ရှိအချိန်မှာ ရက္ခိုင်တပ်တော် AA လွမ်းမိုးရာဒေသတွေအတွင်း တဖြည်းဖြည်း ပြေလျော့လာပြီး ရခိုင်နဲ့ မွတ်စလင် ချစ်ခင်ရင်းနှီးမှု ဘောလုံးပွဲတွေ ကျင်းပခဲ့ကြပြီး ဗုဒ္ဓဘာသာဆရာတော်တွေ၊ မွတ်ဆလင်ဗလီဆရာတို့ အတူတကွ တက်ရောက်ခဲ့ကြသလို နှစ်ဖက် ပရိသတ်တွေလည်း ကြိတ်ကြိတ်တိုး အားပေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024