Live
Home
မြန်မာသတင်း
ပုသိမ်မြို့ရှိ ကညနရုံး ဒုတိယအကြိမ် ဗုံးပေါက်ကွဲ
DVB
·
April 26, 2022

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ ပုသိမ်မြို့နယ် ကညနရုံးရှေ့မှာ ဧပြီ ၂၆ ရက် မနက် ၇ နာရီလောက်က သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲခဲ့တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

“မနက် ၇ နာရီလောက်မှာခွဲတာ အစောပိုင်းသတိပေးတဲ့အနေနဲ့ ခွဲတာဆိုတော့ လူထိခိုက်တာမျိုး မရှိဘူး။ ရုံးရှေ့ မျက်နှာစာမှာပဲခွဲတာ”လို့ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပုသိမ်မြို့နယ်ကညနရုံးဟာ စစ်အုပ်စုကို အပြည့်အဝထောက်ခံနေပြီး ဝင်ငွေရှာပေးနေတဲ့ ဒေါက်တိုင်တစ်ခုဖြစ်တာကြောင့် ခုလိုသတိပေးတဲ့အနေနဲ့ ဒုတိယအကြိမ် ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ကလည်း စစ်ကောင်စီဗဟိုမဏ္ဍပ်အနီး ဗုံးကွဲခဲ့ပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024