Monday, June 5, 2023
HomeLead Storyမီးပွိုင့်များတွင် မီးစက်များအသုံးပြုရန် ညွှန်ကြား

မီးပွိုင့်များတွင် မီးစက်များအသုံးပြုရန် ညွှန်ကြား

ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်ထိန်းရဲကင်းတွေမှာ မီးပြတ်တဲ့အခါ မီးပွိုင့်မရပ်စေဖို့အတွက် မီးစက်တွေ အသင့်ထားရှိဖို့ မတ်လဆန်းပိုင်းက စတင်ပြီး တပ်ဖွဲ့တွင်း ညွှန်ကြားထားတယ်လို့ ယာဉ်ထိန်းရဲအသိုက်အဝန်းကနေ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဓာတ်အားစနစ်ကို စနစ်တကျ မပေးဝေနိုင်တာကြောင့် မီးပြတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက်ပိုင်း ခုလို မီးစက်တွေ အသင့်ထားရှိဖို့အတွက် ညွှန်ကြားလာတာလို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“အရင်တုန်းက မီးမလာရင် အေးဆေးနားလို့ရတယ်။ ခုကတော့ သိတဲ့အတိုင်း ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုပြီး တပ်ဘက်က ဖိအားပေးလာတာ၊ မီးကလည်း ခဏခဏပြတ်တော့ နောက်ဆုံး မီးစက်တွေဝယ်သုံးဖို့ စဉ်းစားတာထင်ပါတယ်။ ခုတော့ မီးပွိုင့်တိုင်းမှာ မီးစက်အသင့်ထားဖို့ ညွှန်ကြားထားတာ။”
ရန်ကုန်မြို့မှာ ကားပိတ်တဲ့မီးပွိုင့်တွေမှာ အဓိက မီးစက်တွေကို အသင့်ထားရှိပြီး မတ်လ ဒုတိယပတ်လောက်က စတင်ကာ မီးစက်အသုံးပြုပြီး မီးပွိုင့်တွေလည်ပတ်ဖို့ လုပ်နေရတယ်လို့ ဆိုပါတယ်။
မီးစက်အသုံးပြုဖို့အတွက် ဆီကို တပ်ဖွဲ့က တနေ့ကို ၃ လီတာ ထုတ်ပေးပေမဲ့ မလုံလောက်တာကြောင့် မိမိငွေနဲ့ စိုက်ထုတ် အသုံးပြုနေရတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular