Home
မြန်မာသတင်း
ပြည်မြို့အကျဉ်းထောင်မှ ရဲပြေး၊ စစ်ပြေးနှင့် အေအေအမှုတွဲအချို့ ပြန်လွတ်လာ
DVB
·
February 12, 2022
273288954_147550704398482_4415829134547551862_n
273202732_147550731065146_8871694662814734380_n

ပြည်မြို့အကျဉ်းထေင်ကနေ ရဲပြေး၊ စစ်ပြေးနဲ့  ရက္ခိုင့်တပ်တော် (အေအေ)အဖွဲ့ နဲ့ပတ်သတ်နေသူ စုစုပေါင်း ၁၃ ယောက်ကို ဖေဖော်ဝါရီ ၁၂ ရက်  ဒီနေ့  မနက်ခင်းမှာ လွှတ်ပေးလိုက်တယ်လို့ ထောင်၀န်ထမ်းတယောက်ဆီက သိရပါတယ်။

ပုဒ်၅၀၅ နဲ့အဖမ်းခံထားရသူတယောက်ရဲ့ မိခင်ဖြစ်သူက “မနေ့ညကတော့ နိုင်ငံရေးအမှုတွေ ၅၀၅ တွေ၊ ၆၃ ယောက်လွှတ်မယ်ဆိုပြီး သတင်း၀င်လာတာပဲ။ ဒါကြောင့် မျှော်နေတာ ထပ်များလွှတ်အုံးမှာလားလို့၊ အခုမနက်ခင်းကုန်တဲ့အထိတော့ ထပ်လွတ်တာ မရှိသေးဘူး” လို့ ပြောပါတယ်။

ဒီနေ့ အေအေတပ်ဖွဲ့နဲ့ ဆက်နွှယ်နေသူ ၄၆ ယောက်၊ သီရိလင်္ကာနိုင်ငံသား ၇ ယောက်နဲ့ ထောင်အသီးသီးက အကျဥ်းသား ၈၁၄ ယောက်တို့ကို  ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပိုဒ်မခွဲ (၁) အရ လွှတ်ပေးလိုက်တယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို လွှတ်ပေးတာနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်က “အခုလွှတ်တာတွေက ရဲပြေး၊ တပ်ပြေးတွေလေ။ သူတို့က လိုအပ်ရင် ပြန်ပြီးခိုင်းလို့ကောင်းအောင် လွှတ်ပေးတာဖြစ်မှာ။ သူတို့လူတွေက နေရာစုံမှာကျဆုံးနေတာ၊ ထွက်ပြေးနေတာတွေ များနေပြီ။ တပ်ကပျက်တော့မှာ။ ဒါကြောင့် အခုလွှတ်ပေးလိုက်တဲ့သူတွေကို အလုပ်ပြန်ခိုင်းဦးမလို့ လွှတ်ပေးတာနေမှာ” လို့ ပြောပါတယ်

ဒီနေ့ ပြည်ထောင်ကနေ လွတ်လာသူတွေနဲ့ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ တာ၀န်ရှိသူက ဖုန်းမကိုင်ခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024