
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်သားတယောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာလို့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီးပြီလို့ ရေစကြို PDF တပ်ဖွဲ့ထံက သိရပါတယ်။
ရေစကြိုမြို့နယ် အမှတ် ၂၅၈ တပ်ရင်းက တပ်သား အာဘဲလက်ဟာ MA(2) သေနတ်တစ်လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆန် ၁၃၅ တောင့်နဲ့ အတူ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုဝင်လာတာလို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
ရေစကြို PDF က အဆိုပါ တပ်သားဆီကနေ လက်နက်ခဲယမ်းတွေကို လက်ခံပြီး လွတ်မြောက်နယ်မြေကို ရောက်အောင်ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်ကလည်း အမှတ် ၂၅၆ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့တကွ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုဝင်လာတာကြောင့် လွတ်မြောက်နယ်မြေသို့ ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်ပြီး အာဏာဖီဆန် CDM ပြုလုပ်ကာ ပြည်သူရင်ခွင် ခိုလှုံမယ့် ပြည်သူ့စစ်သားတွေကို ကြိုဆိုတဲ့အကြောင်းနဲ့ လွတ်မြောက်နယ်မြေကို ရောက်အောင် ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။