အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) စိုးမိုးနယ်မြေတနေရာမှာ PDF စစ်ဝတ်စုံကို ဂုဏ်ယူဝင့် ကြွားစွာ ဝတ်ဆင်ပြီး ဇန်နဝါရီ ၂၆ ရက်က မင်္ဂလာဧည့်ခံပွဲအခမ်းအနားတခုကို ကျင်းပခဲ့ပါတယ်။
မင်္ဂလာဧည့်ခံပွဲမှာ PDF တပ်ဖွဲ့ဝင် လူငယ်တွေက ရိုးရာအက၊ ခေတ်ပေါ်အကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်အဖွဲ့တွေက စစ်သည်တွေ၊ ဘာသာရေးဆိုင်ရာခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်ပရိတ်သတ် ၅၀၀ ကျော် တက်ရောက်ချီး မြှင့်ခဲ့ပါတယ်။