Home
မြန်မာသတင်း
မြန်မာတွင် မျိုးဗီဇပြောင်း အိုမီခရွန်ပိုးတွေ့လူနာဦးရေ ၁၈၀ ကျော်ထိ ရှိလာ
DVB
·
January 25, 2022

မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၃၇ ယောက် ထပ်မံစစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း ၁၈၃ ယောက်ထိ ရှိလာပြီဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေရဲ့ ဓာတ်ခွဲ နမူနာတွေထဲက မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ တွေကို စစ်ဆေးခဲ့ရာမှ ၃၇ ခုမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိခဲ့ရတာလို့ စစ်ကောင်စီကျန်းမာ ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ရောဂါပိုးတွေ့လူနာတွေထဲမှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက် ပါ ဝင်ပြီး Relief Flight တွေနဲ့ ဝင်ရောက်လာသူတွေဖြစ်ကာ ယူအေအီးနိုင်ငံက ၁၅ ယောက်၊ မလေးရှားနိုင်ငံက ၇ ယောက်၊ အိန္ဒိယနိုင်ငံက ၆ ယောက်၊ ကိုရီးယားနိုင်ငံက ၄ ယောက်၊ စင်ကာပူနိုင်ငံက ၃ ယောက်၊ ထိုင်းနိုင်ငံနဲ့ ရုရှားနိုင်ငံတွေက ၁ ယောက်စီဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်၊ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်၊ ဇန်နဝါရီ ၁၂ ရက်မှာ အိန္ဒိယပြန်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်၊ ဇန်နဝါရီ ၁၃ ရက်မှာ မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၁၄ ရက်မှာ မြန်မာကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၃ ယောက်၊ ဇန်န ဝါရီ ၁၅ ရက်မှာ နိုင်ငံခြားသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား ၇ ယောက် စုစုပေါင်း ၁၀ ယောက်၊ ဇန်နဝါရီ ၁၇ ရက်မှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၆ ယောက် စုစုပေါင်း ၄၂ ယောက်တို့မှာ အိုမီခရွန်ရောဂါပိုးတွေ့ရှိ ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက်မှာလည်း မြန်မာနိုင်ငံသား ၂၈ ယောက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက်ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူတွေမှာလည်း ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိနိုင်ငံ ၁၄၀ ကျော် မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူ ၁၁၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024