
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က မြဝတီဘဏ်နဲ့ မဟာအောင်မြေမြို့နယ်က ဂရိတ်ဝေါလ်ဟိုတယ်တို့မှာ ဇန်နဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် ၁၁၅ (သာယာဝတီမင်းကြီး) လမ်း ကျွဲဆည်ကန်ကားကြီးဝန်းအနီးက မြဝတီဘဏ်ရှေ့အတွင်းခြံစည်းရိုး သံတံခါးအနီးမှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့တာပါ။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “မြဝတီဘဏ်နားမှာက အစောင့်တွေရှိတယ်။ အခုကွဲတာ ဘာအထိအခိုက်မှာတော့ မကြားမိဘူး။ ကွဲတုန်းကတော့ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ကြတယ်” လို့ ပြောပါတယ်။
မဟာအောင်မြေမြို့နယ် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ဂရိတ်ဝေါလ်ဟိုတယ် ဝင်ပေါက်မှာလည်း ပေါက်ကွဲခဲ့ပြီး အဆောက်အဦ ထိခိုက်ပျက်စီးတာရှိပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။