Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
DVB
·
January 14, 2022
271911405_3011453212502915_6260102749815551216_n

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စနဗျင်းရွာကို ဇန်နဝါရီ  ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ် နဲ့ပျူစောထီးတွေ ထပ်မံဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

၄၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အထိခိုက်မရှိခဲ့ပေမယ့် ကျေးရွာလူနေအိမ်တချို့ မီးရှို့ခံရကာ ကျေးရွာနေပြည်သူတွေ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မနေ့က ညနေ ၃ နာရီ ၁၅ လောက်မှာဖြစ်ခဲ့တာပါ။ ဒီဘက်က လက်နှက်ကြီးနဲ့ပစ်တော့ နောက်ဆုတ်သွားတယ်။ တောင်ရိုးဘက်ကလည်း တစ်ဖွဲ့တက်တယ်၊ နှစ်ဖွဲ့ခွဲတက်ခဲ့တာပါ။ နှစ်ဖက်အထိခိုက်တော့မရှိဘူး၊ လူနေအိမ်တစ်လုံးမီးရှို့ခံရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကျေးရွာထဲမှာပဲ လက်ရှိတပ်စွဲထားကြပြီး ထွက်ပြေးတိမ်းရှောင်သူတွေကို မောက္ကတော်ရွာ ခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“လက်ရှိရွာထဲမှာပဲ တပ်စွဲထားတယ်။ တိမ်းရှောင်နေတဲ့ ပြည်သူတွေကိုလည်း လိုက်ရှာပြီး မောက္ကတော်ကိုခေါ်နေတယ်။ သူတို့ကိုထိမှာစိုးလို့ အကာအကွယ်ယူတဲ့ သဘောထင်တယ်။”

တိုက်ပွဲတွေကြောင့် မင်းကင်းမြို့နယ် စနဗျင်းရွာ အပါအဝင် မုဿာ၊ မောက်တက်၊ သေမသောက်၊ ရှဲရွာ စတဲ့ကျေးရွာနေပြည်သူ ၄၀၀၀ လောက် ဘေးလွတ်ရာရှောင်တိမ်းနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024