Home
မြန်မာသတင်း
ကေအန်ယူနှင့် တလအတွင်း တိုက်ပွဲ ၁၅၁ ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်ရင်းမှူးအပါ ၁၀၃ ဦးသေ
DVB
·
December 3, 2021
260959457_988194475374159_597756619776008402_n

ကေအန်ယူ၊ ဖာပွန်( မူတြော်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေမှာ ကေအန်ယူလက်အောက်ခံ KNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီရဲ့တပ်တို့  တလအတွင်း တိုက်ပွဲပေါင်း ၁၅၁ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ၁၀၃ ဦးကျဆုံးပြီး ၈၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့  ဒီဇင်ဘာ ၃ ရက်က ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလအတွင်း နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်နဲ့ တိုက်ပွဲပေါင်း ၁၅၁ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်နဲ့န ယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၁၀၃ ဦးကျဆုံးပြီး တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၈၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မြင်းလား ၆ ကောင်သေဆုံးပြီး ၆ ကောင်ဒဏ်ရာရရှိခဲ့သလို စစ်ကား ၇ စီးကို ပျက်စီးနိုင်ခဲ့ကာ  တိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်  ၃ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

KNLA တာဝန်ရှိသူတစ်ဦးက "စစ်ကောင်စီတပ်က လူ ၊လက်နက်၊ ရိက္ခာတွေ ဖြည့်တင်းပြီး ကျူးကျော်ဝင်ရောက်လာတာ။ တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။ ကျနော်တို့နယ်မြေနဲ့ ဒေသခံ ပြည်သူတွေအတွက် ကာကွယ်ပေးရဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်"လို့ ဆိုပါတယ်။ 

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ဒေသခံပြည်သူတွေအပေါ် လူအခွင့်အရေး အကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေအတွင်းကို  လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ကျေးရွာအတွင်းသို့ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့  ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024